ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဖြေဆို


MNP ၊ မတ်  ၁၀

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။


၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ ယမန်နေ့တွင် ဒုတိယမြောက်နေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုကြမည်ဖြစ်သည်။ ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ/ဆရာမများက စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးသည်။ 


ပဲခူးတိုင်းဒေသကြီး၊ မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင် အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုကြရာတွင် မင်းလှမြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၃၄၇) ဦး၊ ပျက်ကွက်သူ (၃၆) ဦးဖြင့် ဖြေဆိုမှု ၉၀ ဒသမ ၆၀ ရာခိုင်နှုန်း၊ ဇီးကုန်းမြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၅၈၄) ဦး၊ ဖြေဆိုမှု ၉၀ ဒသမ ၄၈ ရာခိုင်နှုန်း၊ ပန်းတောင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန (၆) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၅၉၇) ဦး၊ ပျက်ကွက်သူ (၅၂) ဦးဖြင့် ဖြေဆိုမှု ၉၁ ဒသမ ၉၉ ရာခိုင်နှုန်း၊ သာယာဝတီမြို့နယ်အတွင်းရှိ စာစစ်ဌာန အထက(၁) ကျောင်းစာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၃၃၆) ဦး၊ ပျက်ကွက်သူ (၇၆) ဦးဖြင့် ဖြေဆိုမှု ၉၀ ဒသမ ၅၀ ရာခိုင်နှုန်း၊ ဝေါမြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၆၁၃) ဦး၊ ပျက်ကွက်သူ (၁၈) ဦးဖြင့် ဖြေဆိုမှု ၉၂ ဒသမ ၄၇ ရာခိုင်နှုန်း၊ ပဲခူးမြို့နယ်အတွင်းရှိ စာစစ်ဌာန (၃) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၁၉၄) ဦး၊ ဖြေဆိုမှု ၈၉ ရာခိုင်နှုန်း၊ ဖြူးမြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၅၀၃) ဦး၊ ပျက်ကွက်သူ (၃၃) ဦးဖြင့် ဖြေဆိုမှု ၉၃ ဒသမ ၈၄ ရာခိုင်နှုန်း၊ ကဝမြို့နယ်အတွင်းရှိ အ.ထ.က(ကဝ) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၃၁၀) ဦး၊ ပျက်ကွက်သူ (၂၅) ဦးဖြင့် ဖြေဆိုမှု ၉၀ ဒသမ ၅၀ ရာခိုင်နှုန်း၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၃) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၅၈၄) ဦး၊ ပျက်ကွက်သူ (၄၄) ဦး၊ သနပ်မြို့နယ်အတွင်းရှိ အ-ထ-က(သနပ်ပင်)စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၇၂) ဦး၊ ရေတာရှည်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၆) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၅၅၆) ဦး၊ ဖြေဆိုမှု ၉၀ ဒသမ ၄၁ ရာခိုင်နှုန်းတို့ဖြစ်သည်။


ယင်းသို့ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)