သထုံမြို့နယ်တွင် တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာ ပညာပေး (Talk Show) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ်တွင် တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာ ပညာပေး (Talk Show) ပြုလုပ်




MNP ၊ မတ်  ၁၀

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်းကာ မတ်လ ၁၀ ရက်နေ့၊ နံနက်ပိုင်းက တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာ ပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး သထုံခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်အိသွယ်မိုးနှင့် မြိုနယ်တိုင်းရင်းဆေးမှူး ဒေါ်စမ်းသီတာလှိုင်တို့က မြန်မာနိုင်ငံ၏ ရာသီအလိုက် အဖြစ်များသည့် ရောဂါများ၊ ကာကွယ်ကုသနိုင်သည့် အလွယ်တကူရရှိနိုင်သော သဘာဝ တိုင်းရင်းဆေးများနှင့် အသုံးပြုပုံများ၊  လူတစ်ဦးချင်းစီအလိုက် ကျန်းမာသန်စွမ်းအောင် ဆီး၊ ဝမ်း၊ သွေး၊ လေ ညီညွတ်မျှတရေးအတွက်  အသုံးပြုနိုင်သည့် တိုင်းရင်းဆေးပစ္စည်းများနှင့် မဖြစ်ပွားအောင် ဆင်ခြင်နေထိုင်ရမည့် နည်းလမ်းများ၊ မိသားစုတိုင်း လက်လှမ်းတမှီရှိသည့် တိုင်းရင်းဆေး ပစ္စည်းများနှင့် စနစ်တကျအသုံးပြုနိုင်မှုများ စသည့် တိုင်းရင်းဆေးပညာဆိုင်ရာ သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။


သထုံခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်‌လျှက်ရှိကြောင်း သိရသည်။


နဒီ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)