မင်းလှမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး အသိပညာပေးနှိုးဆော်ခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး အသိပညာပေးနှိုးဆော်ခြင်းဆောင်ရွက်



MNP ၊ မတ်  ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေးအသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့ပေါ် ရပ်ကွက်များအတွင်း လှည့်လည်ဆောင်ရွက်ခဲ့သည်။


ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မိုးဝင်းဦးဆောင်၍ သံန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်တပ်ဖွဲ့ဝင်များပူး‌ပေါင်း၍ ယခုအခါပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မိဘပြည် သူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင် ရာ/ရုံးများတွင် မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များနှင့် လိုက်နာဆောင်ရွက်ထားရှိကြရန်နှင့် မော်တော်ယာဉ်များ၊ စက်သုံးဆီဆိုင်များ၊ ဌာနဆိုင်ရာရုံး အဆောက်အဦများ၌ မီးဘေးကြိုတင်ကာကွယ်ရန် ထားရှိအပ်သော ရှေးဦးမီးငြှိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ မီး သတ်ဆေးဘူးများ၊ တပ်ဆင်ထားရှိကြရန် လိုအပ်ကြောင်းနှင့် မီးလောင်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ပြည်သူ့လူထုများ သိရှိနိုင်ရေးအတွက် အသိပေးလိုက်လံနှိုး ဆော်ခဲ့ကြကြောင်း သိရသည်။


ပေါက်စ

 https://t.me/MyanmarNationalPost




No comments:

Post a Comment