အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ညှိနှိုင်းဆွေးနွေး




MNP ၊ မတ်  ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ(၃)နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက ယခုအချိန်အခါသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေသည့်အချိန်ဖြစ်သည့်အတွက် ဌာနဆိုင်ရာများ၊ ရပ်/ ကျေး အုပ်ချုပ် ရေးမှူးများအနေဖြင့် မိမိတို့တာဝန်ကျသည့်စာစစ်ဌာနများတွင် လုံခြုံရေးအထူးဂရုစိုက်ကြရန်၊ မီးဘေးလုံခြုံရေးအတွက် ဇတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ကြရန်၊ ယခုနှစ်သင်္ကြန်တွင် မြို့နယ်အတွင်း ဗဟိုမဏ္ဍပ်တစ်ခုတည်ဆောက်ပြီး ယိမ်းပြိုင်ပွဲများဆောင်ရွက်မည်ဖြစ်ကြောင်း၊ ခရီးသယ်တင်သင်္ဘောများတွင် အသက်ကယ်ဘောနှင့် အသက်ကယ်အင်္ကျီများထားရှိခြင်းရှိမရှိစစ်ဆေးရန်၊ အပတ်စဥ်စုပေါင်း သန့်ရှင်းရေးကို ဌာနဆိုင်များနှင့်ပြည်သူများ ပူးပေါင်းဆောင်ရွက်ကြရန်၊ ခရီးသယ်တင်လိုင်းကားများတွင် အမှိုက်ပုံးများထားရှိမှုရှိမရှိစစ်ဆေးရန်နှင့်ကျေးလက်လမ်းဖွံ့ဖြိုး တိုးတက်ရေးကိစ္စများ၊ လျှပ်စစ်မီးရရှိရေး ကိစ္စများကိုအကျယ်တဝင့်ဆွေးနွေးခဲ့သည်။


ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများက မိမိတို့ဌာန၏ ဆောင်ရွက်ထားရှိမှုများကို တင်ပြဆွေးနွေးခြင်းနှင့်သိရှိလို သည်များကိုမေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆက်လက်ဆွေးနွေးခဲ့ကြသည်။


ချစ်သက်လယ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)