MNP ၊ မတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သင်ကြားသော နွေရာသီအခြေခံအားကစားနည်း (၅) မျိုးသင်တန်းကို မတ်လ ၉ ရက်နေ့တွင် လေ့ကျင့်သင်ကြားပို့ချပေးလျက်ရှိသည်။
နွေရာသီကျောင်းပိတ်ချိန် အားလပ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာအသုံးချတက်စေရန်၊ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးလာစေရန်၊မိမိတို့ဝါသနာပါသည့် အားကစားနည်းတစ်ခုခုကို လေ့လာသင်ယူနိုင်စေရန်နှင့်ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်လာစေရန်၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာရေး၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာရေးအတွက် လူငယ်ဖွံ့ဖြိုးရေး သင်တန်းများဖြစ်သည့် နွေရာသီအခြေခံအားကစားနည်း(၅)မျိုး မြန်မာ့သိုင်းသင်တန်း၊ ရိုးရာခြင်းသင်တန်း၊ စားပွဲတင်တင်းနစ်သင်တန်း၊ ဘောလုံးသင်တန်း၊ ပြေးခုန်ပစ်သင်တန်းတို့ကို နည်းပြဆရာများဖြင့် မတ်လ ၆ ရက်နေ့မှ စတင်ကာ နေ့စဉ် ညနေ ၃ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ ဘောလုံးအားကစားသင်တန်းသား အမျိုးသား (၄၂) ဦး၊ရိုးရားခြင်းသင်တန်းသား အမျိုးသား (၁၈) ဦး၊ ပြေးခုန်ပစ်အားကစား အမျိုးသား (၁၇) ဦး၊ မြန်မာ့သိုင်း အားကစားသမား (၉) ဦး၊ အမျိုးသမီး (၆) ဦး၊ စာပွဲးတင်တင်းနစ် အမျိုးသား(၉)ဦး၊ အမျိုးသမီး(၇)ဦး ပေါင်းသင်တန်းသား၊ သင်တန်းသူ(၁၀၈) ဦးတို့အား မတ်လ၂၀ ရက်နေ့အထိ လေ့ကျင့်သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသားများအား ဆက်လက်လေ့ကျင့်ပေးနေကြောင်း သိရသည်။
မျိုးဇော်သိန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment