ပြင်စလူမြို့ လျှပ်စစ်မီးလင်းရေးကော်မတီမှ မြို့အတွင်းရှိဓာတ်အားသုံးစွဲသူ ပြည်သူများသိရှိနိင်စေရန် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်စလူမြို့ လျှပ်စစ်မီးလင်းရေးကော်မတီမှ မြို့အတွင်းရှိဓာတ်အားသုံးစွဲသူ ပြည်သူများသိရှိနိင်စေရန် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်


MNP ၊ မတ်   ၉

ဧရာဝတီတိုင်းဒေကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ လျှပ်စစ်မီးလင်းရေးကော်မတီမှ မြို့အတွင်းရှိ ဓာတ်အားသုံးစွဲသူ ပြည်သူများသိရှိနိင်စေရန် အသိပေးနှိုးဆော်ခြင်းများကို ယနေ့ညနေ (၃) နာရီအချိန်က ဆောင်ရွက်သည်။


ထိုသို့ အသိပေးနှိုးဆော်ခြင်းကို ပြင်စလူမြို့ မြို့လျှပ်စစ်ဦးစီးမှူး ဦးအောင်မိုးဇော်က ဦးဆောင်၍ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ပြည်သူများသို့ အသိပေးနှိုးဆော်ချက်မှာ "ပြင်စလူမြို့ပေါ် ရပ်ကွက်များသို့  ဓာတ်အားမောင်းနှင်ဖြန့်ဖြူးပေးရာတွင် စက်၏တပ်ဆင် ကီလိုဝပ်ထက် ကျော်လွန်သုံးစွဲပါက ဝန်အား နိုင်နင်းမှုမရှိဘဲ လျှပ်စစ်နှင့်ပတ်သတ်၍ တစ်စုံတစ်ရာ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်လာနိုင်ပါသဖြင့် အသုံးမပြုရန် ကန့်သတ်ထားသော မီးပူ၊ ပေါင်းအိုး၊ မီးဖို၊ ရေနွေးအိုး အစရှိသည့် လျှပ်စစ်ပစ္စည်းများ အသုံးမပြုကြပါရန်နှင့်  ရှောင်တခင်စစ်ဆေးစဉ်တွေ့ရှိပါက ၎င်းလျှပ်စစ်အသုံးအဆောင် အသုံးပြုသည့်အိမ်အား ယာယီဓာတ်အား ဖြတ်တောက်ထားမည် ဖြစ်ပါကြောင်း အသိပေးနှိုးဆော်သည်။


ဆက်လက်၍ လျှပ်စစ်ချွေတာသုံးစွဲရေးနှင့်ပတ်သတ်၍ မိဘပြည်သူများအနေဖြင့် ပြင်ပအလင်းရောင်ကို အသုံးချပါ၊ မလိုအပ်သော အိမ်တွင်းလျှပ်စစ်မီးများကို လျော့သုံးပါ၊ မျက်နှာသစ်စဉ်နှင့် သွားတိုက်နေစဉ် ရေပိုက်ခေါင်းကို ဖွင့်ထားပါက ရေဆုံးရှုံးပြီး ရေပြန်တင်ရန် လျှပ်စစ်သုံးဖို့လိုအပ်ပါမည်။ ထို့ကြောင့် သွားတိုက်နေစဉ် ရေပိုက်ခေါင်းကို ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို ချွေတာပါ။ လမ်းမီးများ ခြံမီးများကို နေရောင်ခြည်သုံး LED မီးစနစ်အား အတက်နိုင်ဆုံး အသုံပြုပါ။ Energy Saving Lamp ထက် LED မီးလုံး မီးချောင်းများကို ရွေးချယ်အသုံးသင့်ကြောင်းတို့ကို အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်


 https://t.me/MyanmarNationalPost





No comments:

Post a Comment