ရွှေတောင်မြို့နယ် တွင် ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် တွင် ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း




MNP ၊ မတ်  ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်တွင် ဆီထွက်သီးနှံ ဆောင်းနေကြာစပ်မျိုးဆင်းရွှေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။


မြို့နယ်စိုက်ပျိုးဦးစီးဌာနမှနေကြာစိုက်ပျိုးသော တောင်သူများအားမျိုးကောင်း မျိုးသန့်ရရှိရေး ဆောင်ရွက်ပေးခြင်း၊ ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာ ရောင်းချပေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာများ နည်းပညာပေးခြင်း၊ ကွင်းသရုပ်ပြပွဲများ ကျင်းပခြင်း၊ ပိုးမွှားအန္တရာယ် ကာကွယ်ရေးနည်းလမ်းများ ပညာပေးခြင်းများ ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


ရွှေတောင် မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းနေကြာ ဧက၁၄၃၉လျာထားခဲ့ပြီး ၁၄၃၄ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အထွက်တိုး စံပြကွက် များ စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုး‌ဦးစီးဌာန မှ သိရသည်။


ကိုကိုမင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)