ဇေယျာသီရိမြို့နယ်အတွင်းရှိ ပြည်သူများ အစားအ‌သောက် ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇေယျာသီရိမြို့နယ်အတွင်းရှိ ပြည်သူများ အစားအ‌သောက် ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေး



MNP ၊ မတ်  ၁၀

ပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့် အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူများ၏ လိုအပ်ချက်များနှင့် အခွင့်အရေးများ အပြည့်အဝရရှိစေရန်အတွက် အစားအ‌သောက် ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းတက္ကသိုလ်များဈေးသို့သွားရောက်၍ တာဝန်ရှိသူများက ကွင်းဆင်းစစ် ဆေးခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် ဇေယျာသီရိခရိုင် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးဟန်ဝင်းထူး၊ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ခရိုင်ဦးစီးမှူး ဒေါက်တာနှင်းနှင်းဝေ၊ ဇေယျာသီရိမြို့နယ် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးကော်မတီဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် အဖွဲ့ဝင်များက ရေဆင်းတက္ကသိုလ်များဈေးအတွင်း ရောင်းချနေသည့် ချဉ်ဖက်၊ သရက်ချဉ်၊ ခေါက်ဆွဲခြောက်၊ ပဲပြားများတွင် ခွင့်မပြုဓာတုတာရှည်ခံဆေးများ ပါဝင်မှုရှိ/ မရှိ ရွေ့လျားဓာတ်ခွဲယာဉ်(MOBILE LAB VAN)ဖြင့် ချက်ချင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်သော ဓာတုကြာရှည်ခံဆေးများ ပါဝင်မှုမရှိကြောင်း စိစစ်တွေ့ရှိရသည်။ ယင်းနောက် တာဝန်ရှိသူများက သား/ ငါးဆိုင်ခန်းများ၊ ကုန်စိမ်းဆိုင်ခန်းများနှင့် ကုန်ခြောက်ဆိုင်ခန်းများတွင် ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအသောက်များ ရောင်းချရေး၊ ကြာရှည်ခံပစ္စည်းများ အသုံးမပြု ရေး၊ သက်တမ်းလွန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးနှင့် အစားအသောက်များ ဘေးအန္တရာယ်ကင်း ရှင်းစေရေး အလေးထားကြရန် အသိပေးဆွေးနွေးပြောကြားခဲ့ပြီး ခွင့်မပြုဓာတုဆေးများနှင့် ပတ်သက်၍ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ထွန်းလင်း

 https://t.me/MyanmarNationalPost



No comments:

Post a Comment