MNP ၊ မတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် စာရေးဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မြင့်ကျော်က သင်တန်းအဖွင့် အမှာစကားပြောကြားပြီး သင်ခန်းစာပို့ချခြင်းအား ဆက်လက်ဆောင်ရွက်ခဲ့ရာ သင်တန်းတွင် ဌာနတွင်းသင်ခန်းစာများ၊ ပြင်ပ ဆက်စပ်ဌာနများမှ သင်ခန်းစာများ စသည့်ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသား/သူ(၃၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်း ကာလမှာ မတ်လ(၂၀)ရက်နေ့မှ (၂၄)ရက်နေ့အထိ (၅)ရက်ကြာ နေ့စဉ်နံနက် ၉ နာရီမှ ၁၄:၅၀နာရီအထိ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ကြည်ကြည်နွဲ့
https://t.me/MyanmarNationalPost

No comments:
Post a Comment