MNP ၊ မတ် ၂၂
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲကို ယမန်နေ့ညနေပိုင်းက ဘူးသီးတောင်မြို့ မြို့မအားကစားခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားဦးစီးမှူးဒေါ်ဥမ္မာသန်းက နွေရာသီကာလအချိန်ကို အကျိုးရှိစွာဖြင့် အားကစားပညာသင်ကြားခဲ့ကြတဲ့ ကလေးများအနေဖြင့် ကျောင်းပညာသင်ကြားတဲ့ အချိန်တွင်လည်း စိတ်ဝင်တစားသင်ကြားကြရန် သင်တန်းဆင်းအမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့် သင်တန်းနည်းပြများက သင်တန်းသား/သူများအား အားကစားဝတ်စုံများပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါနွေရာသီအားကစားသင်တန်းကို မတ်လ(၁)ရက်မှ(၂၀) ရက်အထိကရာတေး၊ ဘော်လီဘောစသည့် အားကစားနည်း (၂)မျိုးကို သင်တန်းနည်းပြများက ကျောင်းသား/သူ(၁၆၈)ဦးတို့အား သင်ကြားပြသခဲ့ကြကြောင်း သိရသည်။
လှကျော်
https://t.me/MyanmarNationalPost

No comments:
Post a Comment