သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ “လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ “လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲပြုလုပ်


MNP ၊ မတ်  ၁၇

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်၌ လူကုန်ကူးမှုလျော့နည်းစေရန်ရည်ရွယ်၍ လူငယ်များအား “လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး​ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။


ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးအေးသီက လူကုန်ကူးမှု၏ အဓိပ္ပါယ်၊ လူကုန်ကူးမှုဆိုသည်မှာ၊ ဘယ်လို လူမျိုးတွေလူကုန်ကူးခံရပါသလဲ၊ လူကုန်ကူးမှုဖြစ်စဉ်များ စသည့်အကြောင်းအရာများကို ရှင်းလင်းဟောပြောသည်။


ဆက်လက်၍ အသိပညာ​ပေးနံရံကပ်နှင့် စာအုပ်ပြပွဲကိုပြသရာ လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာ​ပေး အကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အကြောင်းအရာပါ ဗီနိုင်းပိုစတာနှင့် ဗဟုသုတရစေမည့် သုတစာအုပ်များကိုပြသရာ ဟောပြောပွဲသို့တက်ရောက်လာသည့် နွေရာသီကျောင်းပိတ်ရက် မွန်စာပေသင်တန်းမှ လူငယ်များက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)