MNP ၊ မတ် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူ ကျောင်းသား/ကျောင်းသူများ ပူးပေါင်း၍ ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)၊ အမှတ် (၅)တွင် ပါဝင်သော စာရေးဆရာ ရွှေရောင်ဝင်းဝါ ရေးသားထားသည့် “ပညာကိုမြတ်နိုးတတ်သော” ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းရည်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေမှရရှိသည့် ဗဟုသုတများကို အပြန်အလှန် ဆွေးနွေးစေရေးအတွက် စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြား သည်။
ထို့နောက် စာဖတ်ဝိုင်းတွင် မမြသွန်းခင်ခင်က “ကိုယ်ကျင့်တရား ပတ်ဝန်းကျင် လူသားချင်းထောက်ထားစာနာတတ်တဲ့ မေတ္တာတရား” အကြောင်းကို လည်းကောင်း၊ မကြည်ဖြူလွင်က “ပညာဟူသော်ကား အကျိုးအကြောင်အကောင်း အဆိုးအကျိုးအပြစ် တရားခြင်း၊ မတရားခြင်း မှန်ခြင်း၊မှားခြင်း အကျိုးရှိခြင်းအကျိုးမဲ့ခြင်း” အကြောင်းကိုလည်းကောင်း အသီးသီးဖတ်ကြားခဲ့ကြပြီး တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများကလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းကို ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်မားစေရေးအတွက် စာပေချစ်သူများနှင့် လစဉ်စာဖတ်ဝိုင်း ဆွေးနွေးပွဲများကို ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment