MNP ၊ မတ် ၁၇
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်းပြီး ယနေ့ မွန်းလွဲ ၁ နာရီက သွားနှင့်ခံတွင်းကျန်းမာရေးအသိပညာပေး Talk Show ဆောင်ရွက်ပြုလုပ်ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရှေ့ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမ်းဗြဲမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်မှ သွားနှင့်ခံတွင်းကျန်းမာရေးTalk Show ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ရမ်းဗြဲမြို့နယ်၊ကျန်းမာရေးဦးစီးဌာနမှ သွားနှင့်ခံတွင်းဆရာဝန် ဒေါက်တာကောင်းမြတ်ကျော်မှ သွားပိုးစားခြင်း၊ သွားဖုံးရောဂါနှင့်ခံတွင်းကင်ဆာရောဂါဖြစ်ပွားရခြင်းနှင့်ပတ်သက်ပြီးရှင်းလင်းပြောကြားရာ သွားပိုးစားခြင်းရောဂါဖြစ်ပေါ်ဖို့အတွက် သွားမျက်နှာပြင်၊ ချိုပြီးစေးကပ်တဲ့အစားအစာ- စားကြွင်း
စားကျန်၊ ဘက်တီးရီယား၊ အချိန်ဆိုပြီး အချက်၄ ချက်ရှိကြောင်း၊ အဲ့ဒီထဲကတစ်ခုခုဖြတ်နိုင်လျှင် ကာကွယ်နိုင်ကြောင်း သွားပိုးစားရောဂါမဖြစ်ပေါ်စေရန်အတွက်အစာစားပြီးတိုင်းပလုပ်ကျင်းရန်၊ ဖလိုရိုဒ်ပါတဲ့သွားတိုက််ဆေးကိုအသုံးပြုရန်၊ တစ်နေ့နှစ်ကြိမ်သွားကိုစနစ် တကျတိုက်ရန်လိုအပ်ကြောင်း၊ သွားဖုံးရောဂါနှင့် ခံတွင်း ကင်ဆာမဖြစ်ပေါ်ရန်အတွက် ကွမ်းစားခြင်း၊ ဆေးရွက်ကြီးနှင့်ဆက်စပ်ပစ္စည်များသုံးစွဲခြင်း၊ ကွမ်းသီးနှင့်ကွမ်းယာများငုံထားခြင်း၊ ဆေးလိပ် အလွန်အကျွံသောက်သုံးခြင်း၊ အရက်အကျွံသောက်ခြင်းတို့ကြောင့်လည်းဖြစ်ပေါ်နိုင်ကြောင်းတို့ကိုရှင်းလင်းပြေကြားသည်။
၎င်းနောက် ပြည်သူများသိရှိလိုက်နာနိုင်ရန်အတွက် တစ်နေ့ နှစ်ကြိမ် စနစ်မှန်သွားတိုက်နည်းဖြင့် သွားတိုက်တတ်စေရန်အတွက် စနစ်မှန်သွားတိုက်နည်းကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အောင်နိုင်
https://t.me/MyanmarNationalPost


No comments:
Post a Comment