ဂွမြို့နယ်တွင် ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေးနှင့်ပတ်သက်၍လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေးနှင့်ပတ်သက်၍လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ




MNP   -   မတ် ၄

ရခိုင် ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် တပေါင်းလပြည့်နေ့၌ သိမ်ကုန်းစေတီတော်မြတ်ကြီးတွင် ဆွမ်းဆန် စိမ်း လောင်းလှူနိုင်ရေးနှင့် မတ်လ(၈)ရက်နေ့တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးတို့နှင့် ပတ်သက်၍  ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ဂွမြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်က မတ်လ(၅)ရက်နေ့၌ ကျရောက်မည့် တပေါင်းလပြည့်နေ့တွင်  သံဃာအပါး(၁၁၈)ပါးအား မြို့လုံးကျွတ် ဆွမ်းဆန် စိမ်း လောင်းလှူပွဲကို သိမ်ကုန်းစေတီတော်မြတ်ကြီးရင်ပြင်ထက်၌ ကျင်းပသွားမည်ဖြစ်ပြီး၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မိသားစုဝင်များ၊အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများအားလုံးက ညနေ(၃)နာရီအချိန်တွင် စုပေါင်း၍ လောင်းလှူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့် အစီအစဥ်များအားလည်းကောင်း၊ မတ်လ(၈)ရက်နေ့တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေး၊ မလိုလားအပ်သည့် ပြဿနာများမဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးတို့နှင့် ပတ်သက်၍  ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ရမည့် အစီအစဥ်များအားလည်းကောင်း   သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့ပေါ်(၃)ရပ်ကွက်နှင့် မကျေးငူ၊ တောင်ပေါက်၊ ရဟိုင်ကူးတို့ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)