မြို့သစ်မြို့နယ်အတွင်းရှိ အသင်းအဖွဲ့မှတ်ပုံတင်ထားသည့် အသင်းများ၏ အမည်၊ တံဆိပ်၊ အမှတ်အသားပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့နယ်အတွင်းရှိ အသင်းအဖွဲ့မှတ်ပုံတင်ထားသည့် အသင်းများ၏ အမည်၊ တံဆိပ်၊ အမှတ်အသားပေးအပ်




MNP ၊ မတ်  ၉

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ အသင်းအဖွဲ့မှတ်ပုံတင်ထားသည့် အသင်းများ၏ အမည်၊ တံဆိပ်နှင့် အမှတ်အသားများပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ အသင်းအဖွဲ့များ၏ အမည်၊ တံဆိပ်၊ အမှတ်အသားများ ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်က   အသင်းအဖွဲ့များအနေဖြင့်   မိမိတို့အသင်းအဖွဲ့ပိုင် အမည်၊ တံဆိပ်၊ အမှတ်အသားများရရှိပြီး ဖြစ်သည့်အတွက် မြို့နယ်အတွင်းရှိ ပြည်သူများ၏ လူမှုရေး၊ ကျန်းမာရေးနှင့် နာရေးကိစ္စများတွင် စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးရန်လိုကြောင်း၊ မြို့နယ်ပြင်ပများတွင် သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရန်ရှိပါက မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့၏ ထောက်ခံချက်ရယူရန်လိုကြောင်းနှင့် ဒေသခံပြည်သူများမှ အားကိုးအားထားရသည့်အသင်းအဖွဲ့များ ဖြစ်ရန်လိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။


ထို့နောက်  မြို့သစ်မြို့နယ်မှ  အသင်းအဖွဲ့မှတ်ပုံတင်ထားသည့် အသင်းများကို အမည်၊ တံဆိပ်အမှတ်အသားပါသည့် စာရွက်များအား မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အသင်းအဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များထံ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။


ဝင်းအိဇွန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment