နောင်ချိုမြို့နယ် ပြည်သူ့စာကြည့်တိုက် မြေစိုက်ပြဘုတ်၌ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများပါ ပြဌာန်းချက်များ အသိပညာပေး နံရံကပ်စာစောင်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ် ပြည်သူ့စာကြည့်တိုက် မြေစိုက်ပြဘုတ်၌ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများပါ ပြဌာန်းချက်များ အသိပညာပေး နံရံကပ်စာစောင်ပြသ



MNP ၊ မတ်  ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယာဉ်သွားလာမှုနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို စနစ်တကျထိန်းသိမ်းကြပ်မတ်ပေးနိုင်ရန်နှင့် လမ်းအသုံးပြုသူပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်မှ ကာကွယ်ပေးနိုင်စေရန်ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု နည်းဥပဒေများ၊ အခန်း(၁၃) လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများပါ ပြဌာန်းချက်များကို ယနေ့နံနက်ပိုင်းက ရုံးရှေ့မြေစိုက်ပြဘုတ်တွင်  အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် အန္တရာယ်အသိပေးလမ်းညွှန်းများ၊ အမိန့်ပေးလမ်း ညွှန်းများ၊ မဖြစ်မနေလိုက်နာရမည့် လမ်းညွှန်းများ၊ ညွှန်ပြခြင်းလမ်းညွှန်းများ၊ ကြိုတင်ညွှန်ပြချက် လမ်းညွှန်းများ၊ ဦးတည်ရာလမ်းကြောင်း၊ လမ်းနှင့်တည်နေရာပြ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများကို ရုပ်ပုံများဖြင့် ပြည်သူများစိတ်ဝင်စားဖွယ်ဖြစ်အောင် ဝေဆာစွာထည့်သွင်း ပြသခဲ့ကြကြောင်း သိရသည်။


နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် မြေစိုက်နံရံကပ်ပြဘုတ်တွင် သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသိပညာပေးနံရံကပ်စာစောင်များကို အပတ်စဉ်လဲလှယ် ပြသဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။


ထွေးငယ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment