မြောက်ဦးမြို့နယ်၌ ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာ စေရန် နွေရာသီ ကရာတေးသင်တန်း ဖွင့်လှစ်လျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့နယ်၌ ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာ စေရန် နွေရာသီ ကရာတေးသင်တန်း ဖွင့်လှစ်လျှက်ရှိ




MNP ၊ မတ်  ၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ခရိုင် ၊ မြောက်ဦးမြို့၌ ကျောင်းသား/ကျောင်းသူ များ နှင့် ဒေသခံလူငယ်များအား နွေရာသီကျောင်းပိတ်ရက် ကာလများတွင် အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန် နှင့် ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ နွေရာသီ ကရာတေး အားကစားသင်တန်းကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ စတင်ကာ နန်းတော်ရာကုန်း၌ ဖွင့်လှစ်ပြသရှိကြောင်း သိရသည်။


အဆိုပါ နွေရာသီ သင်တန်းတွင် မြို့နယ် အားကစားနှင့်ကာလပညာဦးစီးဌာနမှ ကြီးမှူးကျင်း ပ၍  လေးဝတီကရာတေးအသင်း   သင်တန်းနည်းပြဆရာ  ဦးသိန်းထွန်းဦး မှ မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ များ နှင့် ဒေသခံလူငယ်များကို အားကစားနည်းများဖြစ်သော ဘောလုံး ၊ ပိုက်ကျော်ခြင်း၊ တင်းနစ် တို့ကို ဖွင့်လှစ်ပြသလျှက်ရှိ၍ မိမိဝါသနာပါသော အားကစားနည်းများကို ရွေးချယ်ကာ တက်ရောက်လျှက်ရှိပြီး သင်တန်းကာလတွင်းလည်း ဖေဖော်ဝါရိ ၂၇ ရက်နေ့မှ  ဧပြီလ ၁၁ ရက်နေ့အထိ တစ်လ အခမဲ့ ဖွင့်လှစ် ပြသလျှက်ရှိကြောင်း မြို့နယ် အားကာမှူး ဦးမောင်မောင်လတ် ထံမှသိရသည်။


မြင့်စိုး၊စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment