ပုံပါကျင်မြို့ လူထုအ‌ခြေပြုဗဟိုဌာန၌ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုံပါကျင်မြို့ လူထုအ‌ခြေပြုဗဟိုဌာန၌ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ


MNP ၊ မတ်  ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၌ ကလေးသူငယ်များ မှတ်သားမှုစွမ်းရည်နှင့် ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်တတ်သော အလေ့အကျင့်ကောင်းများရရှိစေရန် ပုံပြင်ပြောပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့မနက် (၁၁)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-၃က ပြိုင်ပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားပြီး ပုံပြင်ပြောပြိုင်ပွဲဆက်လက်ကျင်းပခဲ့သည်။


အဆိုပါပြိုင်ပွဲသို့ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-၃ ကပါဝင်ယှဉ်ပြိုင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား အမှတ်တရဆုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။


သော်တာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)