MNP ၊ မတ် ၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယဥက္ကဌဦးမျိုးဇော်သိန်း ဦးဆောင်သော ပါတီတာဝန်ရှိသူများ၊ ပဲခူးတိုင်းဒေသကြီး (အရှေ့)ရှိ တိုင်း၊ခရိုင်ကော်မတီဝင်များ၊ ၁၄ မြို့နယ်မှ ပါတီဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဏာရေးမှူးများနှင့် ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းပါတီရုံးတွင် ၂၈.၂.၂၀၂၃ ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံခဲ့ပါသည် ။
ဒုတိယဥက္ကဌဦးမျိုးဇော်သိန်း နှင့်အဖွဲ့သည် ပဲခူးမြို့ရှိထီးတော်အသစ်ပြန်လည်တင်လှူရန်လုပ်ဆောင်နေသော "ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီး"သို့သွားရောက်ဖူးမျှော်၍ ပါတီဒုတိယဥက္ကဌနှင့် ပဲခူးတိုင်းဒေသကြီး(အရှေ့) ပြည်ထောင်ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမိသားစုများမှ စေတီတော်ကြီးအတွက် အလှူငွေ (၁၁)သိန်းကျပ်အား စေတီတော်ကြီး၏ ဂေါပကထံပေးအပ်လှူဒါန်းခဲ့ပြီး စေတီဝန်းအတွင်း၌ လာရောက်လုပ်အားဒါနပေးနေသော မဇင်းရပ်ကွက်နှင့် ကလျာဏီ ရပ်ကွက်အတွင်းရှိ ပြည်သူများ၊ ပါတီဝင်များ၊ ပါတီမိတ်ဆွေများနှင့်ရင်းနှီးစွာ တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဥက္ကဌသည် တိုင်းပါတီရုံးခန်းမတွင် တိုင်းကော်မတီဝင်များ ၊ ခရိုင်ပါတီဥက္ကဌများ၊ ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌများ၊ အတွင်းရေးမှူးများ ၊ ဘဏ္ဏာရေးမှူးများ နှင့်တွေ့ဆုံ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးရဲမြင့်ထွန်းမှ တိုင်းဒေသကြီး ပါတီ၏ လှုပ်ရှားဆောင်ရွက်နေမှုအခြေအနေများ၊ တက်ရောက်လာကြသော တိုင်း ၊ ခရိုင် ၊ မြို့နယ်ပါတီတာဝန်ရှိသူများမှ မိမိတို့နယ်မြေအလိုက် ပါတီ၏ မြေပြင်အခြေအနေများ၊ တင်ပြချက်များအပေါ် ပါတီ၏ ဒုတိယဥက္ကဌမှ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ညနေပိုင်းတွင် ပါတီ၏ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့သည် ပဲခူးမြို့ရှိ သမိုင်းဝင် " ရွှေမောဓော စေတီတော်မြတ်ကြီး"သို့ သွားရောက်ဖူးမျှော်ကာ စေတီတော်၏ ဂေါပကအဖွဲ့တာဝန်ရှိသူများထံသို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
#MyanmarNationalPost







No comments:
Post a Comment