ကွတ်ခိုင်မြို့နယ်တွင် နွေရာသီ(စက္ကူခေါက်)သင်တန်းဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွတ်ခိုင်မြို့နယ်တွင် နွေရာသီ(စက္ကူခေါက်)သင်တန်းဖွင့်

 



MNP ၊ မတ်  ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် ( Community Center ) ခန်းမတွင် နွေရာသီ(စက္ကူခေါက်) သင်တန်းကို ယမန်နေ့နေ့လည်(၁)နာရီအချိန်က ဖွင့်လှစ်၍ သင်ကြားပြသပေးလျက်ရှိကြောင်း သိရသည်။


သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကလေးများအား ရောင်စုံစက္ကူဖြင့်အရုပ်ခေါက်နည်း၊ပျားအရုပ်ပြုလုပ်နည်း၊လိပ်ပြာပြုလုပ်နည်းတို့ကို သင်ကြားပြသပေးပြီး ကလေးငယ်များကို ကိုယ်တိုင်ပြုလုပ်ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် ကလေးများတီထွင်ဖန်တီးမှုစွမ်းရည် မြှင့်မားလာစေရန် ကိုယ်ရည် ကိုယ်သွေး ထက်မြတ်လာစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စိတ်အပန်းပြေပျော်ရွှင်စေရန် ရည်ရွယ်၍ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံတူပန်းချီဆွဲပြိုင်ပွဲ၊ စက္ကူနှင့်အရုပ်ခေါက်ပြိုင်ပွဲ စသည့်ပြိုင်ပွဲများကိုလည်း လစဥ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ချစ်မျိုးဦး 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)