သိန္နီမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သိန္နီမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်




MNP ၊ မတ်  ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ်တွင် လူငယ်များစာပေဗဟုသုတကြွယ်ဝ၍ ထူးချွန်ထက်မြက်လာစေရေးနှင့် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရေးအတွက်ရည်ရွယ်၍ စာဖတ်ဝိုင်းကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိသိမ့်က စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာဖတ်ဝိုင်းတွင် စာရေးဆရာ မောင်မိုးယံ ရေးသားထားသော လူငယ်နှင့်အနာဂါတ်မြှင့်တင်ရေးဆောင်းပါးများ စာအုပ်ပါ “လူငယ်နှင့်စာပေမြတ်နိုးစိတ်ဆောင်ပါး”အား မောင်ညီလှိုင်းက ဦးဆောင်ဆွေးနွေးရာစာဖတ်ဝိုင်းသို့ တက်ရောက်လာသော မစံပယ်၊ မအမ်ကျင်၊ မရွှေရည်ဦး၊ မနှင်းဆီတို့က အပြန်အလှန် ပါဝင်ဆွေးနွေးခဲ့ကြသည်။ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များ စာပေဗဟုသုတကြွယ်ဝစေရေး၊ စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရေး၊ စာဖတ်သည့်အလေ့အထကောင်းများ ရရှိစေရေးနှင့် အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရေးအတွက် စာဖတ်ဝိုင်းများကို လစဉ်စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment