ဘီးလင်းမြို့နယ် တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များ အားပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘီးလင်းမြို့နယ် တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များ အားပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ




MNP   -    မတ်  ၁

   မွန်ပြည်နယ် ၊ ဘီးလင်းမြို့နယ်တွင် မွေးကင်းစမှအသက်(၂)နှစ် အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်းကို မတ်  ၁ရက် နေ့မှ စတင်ကာ ဘီးလင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့ ၌ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။ 


    ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက ဘီးလင်း မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွားများအတွင်းရှိ မွေးကင်းစမှ အသက် (၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးများ ဖြစ်သော ဆုံဆို့ ၊ ကြက်ညှာ ၊ မေးခိုင် ၊ အသည်းရောင်အသားဝါ(ဘီ)ပိုး ၊ ဦးနှောက် အမြှေးရောင် ၊ (၅)မျိုးစပ်ကာကွယ်ဆေး ၊ပိုလီယိုအကြောသေ ၊ဝက်သက် ၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း ပြင်းထန် ဝမ်းပျက် ဝမ်းလျှောဖြစ်စေတတ်သော (Rota)ကာကွယ်ဆေးတိုက်ကျွေး ခြင်း နှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ် -၁၉ ရော ဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။


ထူးနောင်    

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)