(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကွန်ကရိလမ်းသစ် ဖွင့်လှစ်၊ အိမ်ထောင်စု(၄၅၆)စုအား ရေပေးဝေနိုင်ရေး ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကွန်ကရိလမ်းသစ် ဖွင့်လှစ်၊ အိမ်ထောင်စု(၄၅၆)စုအား ရေပေးဝေနိုင်ရေး ဆောင်ရွက်ပေး


MNP ၊ မတ် ၁၀

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ ဘုရင့်နောင်လမ်း(အမှတ်(၂)လမ်းနှင့် သရက်ပင်ချောင် ကူးတို့ဆိပ် ကြား)၌ ကွန်ကရိလမ်းသစ်ဖွင့်ပွဲ နှင့် သောက်သုံးရေပေးဝေခြင်းကို ယနေ့နံနက်ပိုင်းတွင်  ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။                                                                                       

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကွန်ကရိလမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကွန်ကရိလမ်းသစ်အား ကြည့်ရှု စစ်ဆေးကြပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ စိုက်ပျိုးမွေးမြူရေး အမှတ်(၁)ရပ်ကွက်အတွင်း ဒေသခံပြည်သူများသို့ ရေပေးဝေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။                    

အဆိုပါ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား)မှ ဆောင်ရွက်ခဲ့သော ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဘုရင့်နောင်လမ်းသည် အရှည် ၂၁၆၀၃ ပေ(၄ မိုင် ၇ ဖာလုံ) အကျယ် ၂၄ ပေရှိ ယခင် ကတ္တရာလမ်းဟောင်းကို လမ်းအဆင့်မြင့်တင်နိုင်ရန်အတွက်၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် အမှတ်-၂ လမ်းမှ အမှတ်-၇ လမ်းဆုံအထိ အရှည် ၁၀၃၀၀ပေကို လမ်းသားတိုးချဲ့ခြင်း၊ လမ်းအကျယ် (၄၈)ပေအား ကွန်ကရိခင်းခြင်းနှင့်  ယခု  ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်တွင်  ဘုရင့်နောင်လမ်း   (အမှတ်-၂ လမ်းမှ သရက်ပင်ချောင်ကူးတို့ဆိပ်အထိ)အပိုင်းအား တစ်ဖက်လျှင် (၁၂)ပေ စီ တိုးချဲ့၍ အကျယ်(၄၈)ပေ ရရှိအောင် လမ်းသားတိုးချဲ့ပြီး ကွန်ကရိခင်းခြင်းဖြစ်ကြောင်းနှင့် ဒဂုံမြို့သစ်(တောင်ပိုင်းမြို့နယ်)၊စိုက်ပျိုးမွေးမြူရေး အမှတ်(၁)ရပ်ကွက်ရှိ အိမ်ခြေ(၁၀၆၅) လုံး၊ အိမ်ထောင်စု(၅၃၂၅)စုအား တစ်နေ့လျှင် ရေဂါလန်(ဝ.၂)ဂါလန် သန်းပေးဝေနိုင်ရေး အတွက် လဂွန်းပြင်ရေသန့်စင်စက်ရုံမှ ရေပိုက်လိုင်း(၆၆၂၆၅)ပေ သွယ်တန်းခြင်း၊ Chamber ကန်(၂)ကန် တည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့ပြီး ယခုအခါ အိမ်ထောင်စု (၄၅၆)စုကို ရေသွယ်တန်းပြီး ရေပေးဝေ လျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)