ခရမ်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် အ-ထ-က (၁) စာစစ်ဌာနသို့ မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရမ်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် အ-ထ-က (၁) စာစစ်ဌာနသို့ မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းဆောင်ရွက်


MNP   -   မတ် ၄

ရန်ကုန်တိုင်း‌ဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲများကို လာမည့်မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပတော့မည်ဖြစ်ရာ မြို့နယ်အတွင်း စာစစ်ဌာနပြုလုပ်မည့် အခြေခံပညာ အထက်တန်းကျောင်း (အ-ထ-က-၁)အား မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ဆောင်ရွက်ခဲ့သည်။


ထိုသို့ စစ်ဆေးရာတွင် ခရမ်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးမြတ်စိုးမိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဌာန တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက  အ-ထ-က (၁) ကျောင်း စာစစ်ဌာနအတွင်းရှိ စာမေးပွဲဖြေဆိုမည့်အခန်းများတွင် လျှပ်စစ်မီးသွယ်တန်းထားရှိသည့် အခြေအနေများ၊ လျှပ်စစ်မီးခလုတ်များ တပ်ဆင်ထားရှိမှု အခြေအနေများ၊ အရေးပေါ် မီးသတ်ဆေးဘူးထားရှိဆောင်ရွက်ထားမှု၊ ကျောင်းတွင်းရှိ ရေကန် ရေဖြည့်ဆောင်ရွက်ထားရှိမှု၊ ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုနှင့် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ် ကာလလုံခြုံရေးဆောင်ရွက်မည့် နေရာများအားလိုက်လံ ကြည့်ရှုစစ်ဆေးခဲ့သည် ခရမ်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် အခြေခံပညာအထက်တန်းကျောင်း (အ-ထ-က-၁) စာစစ်ဌာန တစ်ခုထားရှိပြီးကျောင်းသား၊ ကျောင်းသူ ၃၄၇ ဦးမှ စာမေးပွဲဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်း ထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ကိုမင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)