MNP ၊ မတ် ၂၂
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက် တန်းအဆင့် နှင့် အလယ်တန်းအဆင့် ဆရာ/ဆရာမ များအား ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ကို ယနေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (၁) ၊ အ.ထ.က.(၂) နှင့် အ.ထ.က(ခွဲ) လ(၁) ကျောင်းတို့၌ သင်ကြား ပို့ချလျှက်ရှိကြောင်း သိရသည်။
ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံ ဘာသာရပ်များအား ဆွေးနွေးမှုများ ပြုလုပ်ပေးလျှက်ရှိပြီး အခြေခံပညာကျောင်းများမှ အထက် တန်းပြ ဆရာ ၇၅၁ ဦး ၊ ဆရာမ ၃၇၅ ဦး နှင့် အလယ်တန်းပြ ဆရာ ၂၉၄ ဦး ၊ ဆရာမ ၁၁၄ ဦး စုစုပေါင်း ၁၅၃၄ ဦး တက်ရောက်လျှက် ရှိ၍ သင်တန်းနည်းပြ ၄၅ ဦး က သင်ကြားပို့ ချ မည်ဖြစ်ကာ သင်တန်းကာလ မှ မတ်လ ၂၁ ရက်နေ့မှ စတင်ကာ မတ်လ ၂၄ ရက်နေ့အထိ ၄ ရက် ကြာ သင်ကြားပို့ချပေးလျှက်ရှိကြောင်း သိရသည်။
မြင့်စိုး၊စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost



No comments:
Post a Comment