ဇလွန်မြို့ မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော် (အောင်ပွဲ)နှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇလွန်မြို့ မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော် (အောင်ပွဲ)နှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲအခမ်းအနားကျင်းပ



MNP ၊ မတ်  ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့ မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော် (အောင်ပွဲ)နှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီတွင် မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ ဂန္ဓကုဋီတိုက်အတွင်း ကျင်းပပြုလုပ်ခဲ့သည်။


တပေါင်းလဗုဒ္ဓပူဇနိပွဲတော် (အောင်ပွဲ) အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နာယက ဇင်ယော်ကျွန်းကျောင်းဆရာတော် ဘဒ္ဒန္တသီလဝံသထံမှ ငါးပါးသီလ ခံယူခဲ့ကြပြီး ဆရာတော် သံဃာတော်များအား နဝကမ္မဝတ္ထုများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။ ယင်းနောက် နာယက ဇင်ယော်ကျွန်းကျောင်း ဆရာတော်ဘဒ္ဒန္တသီလဝံသက အနုမောဒနာတရား ချီးမြှင့်၍ ကုသိုလ်ကောင်းမှု အစုစု​အတွက် ရေစက်ချအမျှအတန်းပေးဝေခဲ့သည်။ ယင်းနောက်တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော်(အောင်ပွဲ) အခမ်း အနားကို  “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ မောင်း၊ ကြေးစည်၊ ထိုးစည်များ တီးခတ်ပြီး အောင်ပွဲ အခမ်းအနား ပြီးမြောက်ခဲ့သည်။


ယင်းနောက် ၁၃၈၄ ခုနှစ် တပေါင်းလ  မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဂေါပကအဖွဲ့၊ ဌာနဆိုင်ရာ အသင်းအဖွဲ့များ၊ အလှူရှင်များ၏ စုပေါင်း ဆွမ်းဆန်စိမ်းနှင့် စာရေးတံမဲ လောင်းလှူပွဲကို မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီးဝန်း အတွင်း တွင် ကျင်းပရာ ဇလွန်မြို့နယ်အတွင်းရှိ ကျောင်းပေါင်း (၄၁)ကျောင်းမှ သံဃာတော် ၆၈၄)ပါး၊ သီလရှင်(၂၁)ပါး စုစုပေါင်း (၇၀၅) ပါး အား ဆန် (၁၁၈)အိတ် ၊ ဆီ ၃၅၂ ပိဿာ ၅၀ သား ၊ ပဲ (၄၅) တင်း၊ ကြက်သွန်နီ (၇၁၇) ပိဿာ၊ လ္ဘက်ခြောက်(၇၀.၅)ပိဿာ စုစုပေါင်း လှူဒါန်းငွေကျပ်သိန်း (၁၈၄၃၅၈၅၀)၊ စာရေးတံမဲ အလှူငွေကျပ်သိန်း (၅၃၀၂၀၀၀)၊ နဝကမ္မလှူဒါန်းငွေကျပ်သိန်း(၆၄၀၀၀၀၀) စုစုပေါင်း လှူဒါန်း ငွေ ကျပ်သိန်း (၃၀၁၈၇၈၅၀)တို့ကို စုပေါင်းလောင်းလှူခဲ့ကြသည်။


ဝေယံ 

 https://t.me/MyanmarNationalPost




No comments:

Post a Comment