၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် ကျွဲပွဲအ.ထ.က စာစစ်ဌာန၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် ကျွဲပွဲအ.ထ.က စာစစ်ဌာန၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်




MNP ၊ မတ်  ၇

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ကျွဲပွဲအ.ထ.က စာစစ်ဌာန၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ယမန်နေ့မွန်းလွဲပိုင်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျောင်းအကျိုးတော်ဆောင်များစုပေါင်း၍ ကျွဲပွဲအထကစာစစ်ဌာနတွင် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး၊ မီးဘေးကြောင့်ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေး၊ မီးကိုစနစ်တကျအသုံးပြုတတ်စေရေး၊ အမှိုက်သရိုက်များစနစ်တကျစွန့်ပစ်စေရေး၊ လျှပ်စစ်ဝိုင်ယာကြိုးများ ပေါက်ပြဲမှုရှိ/ မရှိ၊ မီးခလုတ်များ ဟောင်းနွမ်းပျက်စီးနေပါက လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများဖြင့် အသစ်လဲလှယ်အသုံးပြုစေရေး၊ မီးချိတ်/ မီးကတ်/ သဲများ အသင့်ထားရှိရေး၊ ရေလှောင်ကန်များတွင် ရေအသင့်ဖြည့်တင်းထားရှိစေရေးနှင့် မီးသတ်ဆေးဘူးများ စနစ်တကျ အသုံးပြုတတ်စေရန် လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျောင်းဝင်းအတွင်း ရေပက်ဖျန်းခြင်းများ စုပေါင်းဆောင်ရွက်ခဲ့သည်။


အုတ်တွင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနလေးခုရှိပြီး စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူ ၄၅၅ ဦးရှိကာ ကျွဲပွဲအထကစာစစ်ဌာနတွင် ၁၇၁ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


အေမင်းရည်စော

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)