MNP ၊ မတ် ၇
နိုင်ငံတော်အဆင့်ထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ အခြေခံပညာအထက်တန်းကျောင်း "မြတ်ရတနာ" ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကား ပြောကြားပေးပြီး နိုင်ငံတော်အဆင့်ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိခဲ့သော ကျောင်းသား/သူများအား ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများချီးမြှင့်ပေးခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်အဆင့် လူရည်ချွန်ရွေးချယ်ခံရသော မောင်ဟိန်းထက်ကျော်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့ကြောင်းနှင့် ပင်းတယမြို့နယ်အနေဖြင့် နိုင်ငံတော်အဆင့်ပြိုင်ပွဲတွင် အင်္ဂလိပ်စာ၊ လူရည်ချွန်ဆုနှင့် အားကစားပြိုင်ပွဲတို့တွင် ဆုများကိုရရှိခဲ့ကြောင်း သိရသည်။
အောင်ကိုဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment