စစ်ကိုင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး


MNP ၊ မတ်  ၇

စစ်ကိုင်းမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့၊ နံနက်ပိုင်းက စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က တက္ကသိုလ်ဝင်တန်း၊ အစိုးရ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများကို သက်မှတ်ရက်အတွင်း အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာဌာနများမှ လိုအပ်သည်များ ပူးပေါင်းပါဝင်နိုင်ရန် တာဝန်များခွဲဝေ သတ်မှတ်ပေး ခဲ့ပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများကလည်း မိမိတို့လုပ်ကိုင်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အခက် အခဲများရှိပါက ပြန်လည်ဆွေးနွေးပေးကြဖို့လိုကြောင်း၊ အဓိကအားဖြင့် အေးချမ်းစွာ၊ အောင်မြင်စွာ ဖြေဆိုနိုင် ရေးအတွက် လုံခြုံရေးသတိနှင့် ဆရာတော်/သံဃာတော်များ၊ အခြေခံပညာ ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်နှင့် သွားလာရေးအဆင်ပြေချောမွေ့အောင် အားလုံးဝိုင်းဝန်း ပါဝင်ဆောင်ရွက်ပေးကြပါလို့ စသည် ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။


ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက မိမိတို့ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များ၊ ဆောင်ရွက်ရာတွင် ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများကိုဆွေးနွေး တင်ပြကြရာ ဆွေးနွေးချက်များအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လုပ်ငန်းအောင်မြင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


ဇော်မြင့်နိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment