မိုးညိုမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန(၅)ခုတွင် ကျောင်းသား/ သူ (၄၂၂)ဦး ဖြေဆိုမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညိုမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန(၅)ခုတွင် ကျောင်းသား/ သူ (၄၂၂)ဦး ဖြေဆိုမည်


MNP ၊ မတ်  ၇                 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၄၂၂)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မတ်လ (၈) ရက်နေ့မှ မတ်လ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မိုးညိုမြို့‌နယ်ရှိ အ-ထ-က(မိုးညို) စာစစ်ဌာနတွင်  ကျောင်းသား ၆၁ ဦး၊ကျောင်းသူ ၉၀ ဦး၊ ပေါင်း ၁၅၁ ဦး၊ အ-ထ-က (ထိန်တော)စာစစ်ဌာနတွင် ကျောင်းသား ၃၄ ဦး၊ ကျောင်းသူ ၅၅ဦး၊ ပေါင်း ၈၉ ဦး၊ အ-ထ-က(ရေကင်း) စာစစ်ဌာနတွင် ကျောင်းသား ၂၉ ဦး၊ ကျောင်းသူ ၄၃ ဦး၊ ပေါင်း ၇၂ ဦး၊ အ-ထ-က(ပတ္တော်) စာစစ်ဌာနတွင် ကျောင်းသား ၂၁ ဦး၊ ကျောင်းသူ ၅၃ ဦး၊ ပေါင်း ၇၄ ဦး၊ အ-ထ-က(ဆင်မနိုင်) စာစစ်ဌာနတွင် ကျောင်းသား ၁၁ ဦး၊ ကျောင်းသူ ၂၅ ဦး၊ ပေါင်း ၃၆ ဦး၊ တစ်မြို့နယ်လုံးအတွင်းရှိ စာစစ်ဌာန ၅ ခုတွင် ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား ၁၅၆ ဦး၊ ကျောင်းသူ ၂၆၆ ဦး၊ စုစုပေါင်း(၄၂၂)ဦးတို့မှ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ကိုမင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)