ကျောက်ကြီးမြို့နယ်၌ မိုင်းအန္တရာယ်အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ကြီးမြို့နယ်၌ မိုင်းအန္တရာယ်အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ


MNP ၊ မတ်  ၇

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်းပြီး မိုင်းအန္တရာယ်အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲကို ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အိအိမွန်က ကြက်ခြေနီတပ်ဖွဲ့၏ လှုပ်ရှားဆောင်ရွက်နေမှုအခြေအနေများ၊ စစ်လက်နက်ပစ္စည်းဖြစ်သည့် မိုင်းအန္တရာယ်နှင့်ပတ်သက်ပြီး အသိပညာပေးဆောင်ရွက်နေမှု အခြေအနေများနှင့် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသွားသူများအား ထောက်ပံ့မှုအခြေအနေများအား မေးခွန်းများမေးမြန်းဆွေးနွေးခဲ့ရာ ကြက်ခြေနီမြို့နယ်တပ်ဖွဲ့မှူး မင်းမြတ်ဘုန်းက စစ်လက်နက်ပစ္စည်းဖြစ်သော မြေမြှုပ်မိုင်း၊ လက်လုပ်မိုင်း၊ ကြိုးဆွဲမိုင်းများ၏ အန္တရာယ်ကြီးပုံများ၊ မိုင်းအန္တရာယ်သတိပေးထားရှိတတ်ပုံများ၊ မိုင်းအားတွေ့ရှိပါက ကြိုတင်ရှောင်ရှားပြီး သက်ဆိုင်ရာ အကြီးကဲများထံသတင်းပို့ရန် ဗီနိုင်းပိုစတာများဖြင့်ပြသခြင်း၊ မိုင်းအန္တရာယ်အကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ရုပ်ပုံစာအုပ်များ ဝေငှဖတ်ရှုစေခြင်းများ၊ ဟောပြောပွဲများပြုလုပ်၍ အသိပညာပေးခြင်းများကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသွားသူများ၏ မိသားစုဝင်များအား လတ်တလော စားဝတ်နေရေးအခက်အခဲဖြစ်နိုင်သည့်အတွက် ငွေကြေးနှင့် ပစ္စည်းများအား မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) တို့ကိုယ်စား လိုက်လံထောက်ပံ့ပေးမှုအခြေအနေများအကြောင်းကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)