MNP ၊ မတ် ၁
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ (၇) ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ CB ဘဏ်ကိုမတ်လ ၁ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်နာရီအချိန်က ဝင်ရောက်လုယက်သော လူငယ်နှစ်ဦးကို လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း သိရသည်။
ဘဏ်အတွင်းသို့ လူငယ်နှစ်ဦးဝင်လာပြီး ပစ္စတိုသေနတ်နှင့် ဓါးမြှောင်ပြ ခြိမ်းခြောက်ကာ ဘဏ်ကောင်တာစားပွဲပေါ် တင် ထားသော ကျပ်သိန်း ၆၅၀ ကို လုယူပြီး ထွက်ပြေးရန်ပြင်ဆင်စဉ် လုံခြုံရေးအဖွဲ့ရောက်ရှိလာပြီး ဖမ်းဆီးခဲ့ရာ လုယက်သူ သူထူးအောင် (၁၅ နှစ်)နှင့် သန့်စင်အောင်(၁၄ နှစ်) (ပုဇွန်တောင်မြို့နယ်နေ) တို့အား ပစ္စတိုသေနတ်အတုတစ်လက်၊ ဓါးမြှောင်နှစ်ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
#MyanmarNationalPost

No comments:
Post a Comment