ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်(ဝ/ဝ)၊ (၁၁၅) မိုင်၊ (၂၀၁)မိုင် တို့တွင် Charging Station ဆောက်လုပ်နေမှုများအား ဒုတိယဝန်ကြီး ဦးဝင်းဖေ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်(ဝ/ဝ)၊ (၁၁၅) မိုင်၊ (၂၀၁)မိုင် တို့တွင် Charging Station ဆောက်လုပ်နေမှုများအား ဒုတိယဝန်ကြီး ဦးဝင်းဖေ ကြည့်ရှုစစ်ဆေး


MNP ၊ မတ် ၂၀

လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ၊ အသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်ရှိ လမ်း၊ တံတားများ ပြင်ဆင်ထိန်းသိမ်းမှုလုပ်ငန်းဆောင်ရွက်နေမှုများ၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်(ဝ/ဝ)၊ (၁၁၅) မိုင်၊ (၂၀၁)မိုင် တို့တွင် Charging Station ဆောက်လုပ်နေမှုများအား ၁၈-၃-၂၀၂၃ ရက်နေ့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။


ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်း (၂၀၁)မိုင်ရှိ နေပြည်တော် စီလမ်းဆုံ ယာဉ်ရပ်နားစခန်းတွင် Charging Station ဆောက်လုပ်နေမှု၊ (၁၁၅) မိုင်ရှိ (ဖြူး)ယာဉ်ရပ်နား စခန်းတွင် Charging Station ဆောက်လုပ်နေမှု၊ မိုင်တိုင်(ဝ/ဝ)ရှိ အမှတ်(၃) တိုးလ်ဂိတ်တွင် Earth Renewable Energy Co.,Ltd မှ Charging Station ဆောက်လုပ်နေမှုနှင့် အောင်မင်္ဂလာအဝေးပြေး ဝင်းအတွင်း၌ Myanmar Brilliance Auto Co.,Ltd မှ Charging Station ဆောက်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။


ထို့နောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများ နှင့်အတူ လှိုင်မြို့နယ် သီရိမင်္ဂလာဈေး၌ Asia Pacific Automaker Corporation Co.,Ltd မှ တာဝန်ယူ ဆောင်ရွက်သည့် Charging Station တည်ဆောက် ပြီးစီးမှု၊ အလုံမြို့နယ် အောက်ကြည့်မြင်တိုင်လမ်း သခင်မြပန်းခြံ၌ Chin Dwin Shan Co.,Ltd မှ တာဝန်ယူဆောင်ရွက်သည့် Charging Station တည်ဆောက်ပြီးစီးမှုနှင့် ရန်ကုန်ဘူတာကြီးအနီး၌ Essential Motors Co.,Ltd မှ Charging Station တည်ဆောက်နေမှုကိုကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက သတ်မှတ်ဒီဇိုင်း၊ စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်ရန်လိုအပ်သည့် ပစ္စည်းများရောက်ရှိမှု၊ လျှပ်စစ်မီးသွယ်တန်းမှုနှင့် ကား ဝင်၊ ထွက်လမ်း သတ်မှတ်နေရာများအား စနစ်တကျဆောင်ရွက် ရန်မှာကြားသည်။


မြန်မာနိုင်ငံအတွင်း လျှပ်စစ်သုံးယာဉ်များ အသုံးပြုနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှု ဖြင့် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီက Pilot Project အနေဖြင့် နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်တွင် လျှပ်စစ်သုံး ယာဉ်များ လွယ်ကူလျင်မြန်စွာ အားသွင်းနိုင်ရေး အတွက် လျှပ်စစ်ဓာတ်အားဖြည့်သွင်းရုံ (Charging Station)များ တည်ဆောက်ရန် စီမံဆောင်ရွက်လျက်ရှိရာ နေပြည်တော်အတွင်း NPK Motor Co.,Ltd က ပထမဦးစွာ တည်ဆောက်ဖွင့်လှစ် အသုံးပြုနိုင်ခဲ့ပြီး တည်ဆောက်ပြီး Charging Station နှင့်အတူ လျှပ်စစ်သုံး Taxi အငှားယာဉ်လုပ်ငန်းကိုလည်း စတင်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်တည်ဆောက် ဆဲလျှပ်စစ်ဓာတ်အား ဖြည့်သွင်းရုံ (Charging Station) များကိုလည်း မကြာမီအမြန်ဆုံးဖွင့်လှစ် အသုံးပြုနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)