Chin Dwin Shan Constrution Co,Ltd နှင့် Earth Renewable Energy Co,Ltd တို့၏ 60KW DC Fast Charging Station နှင့် EV Charging Station များဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

Chin Dwin Shan Constrution Co,Ltd နှင့် Earth Renewable Energy Co,Ltd တို့၏ 60KW DC Fast Charging Station နှင့် EV Charging Station များဖွင့်လှစ်




MNP ၊ မတ် ၂၀

Chin Dwin Shan Constrution Co,Ltd နှင့် Earth Renewable Energy Co,Ltd တို့၏ 60 KW DC Fast  Charging Stationနှင့် EV Charging Station ဖွင့်ပွဲများကို ယနေ့ တွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ သခင်မြပန်းခြံနှင့် လှည်းကူးမြို့နယ်ရှိ အမြန်လမ်း မိုင်တိုင်(၁)မိုင်တို့၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးဝင်းဖေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန် ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ဦးစွာ လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲအသုံးပြုရေးနှင့် အခြေခံအဆောက်အဦများ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးဝင်းဖေ က အဖွင့်အမှာစကား ပြောကြားပြီး Chin Dwin Shan Constrution Co,Ltd နှင့် Earth Renewable Energy Co,Ltd မှ တာဝန်ရှိသူများက STATION များဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် 60 KW DC Fast  Charging Station နှင့် EV charging Station တို့မှ ကားများအား လှည့်လည်ကြည့်ရှု့ကြပြီး EV (လျှပ်စစ်ကား)များကို စမ်းသပ်မောင်းနှင်ခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)