အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Cen tre)၌ ဒို့ကျေးရွာဂျာ နယ်ပါ ပညာကိုမြတ်နိုးတတ်သော ဆောင်းပါးဖြင့်စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Cen tre)၌ ဒို့ကျေးရွာဂျာ နယ်ပါ ပညာကိုမြတ်နိုးတတ်သော ဆောင်းပါးဖြင့်စာဖတ်ဝိုင်းကျင်းပ





MNP ၊ မတ် ၃၁

  ရခိုင်ပြည်နယ်၊ အမ်း မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity  Cen tre)ခန်းမတွင် စာပေ မြတ်နိုးသူ Book Club အသင်းဝင် လူငယ်များနှင့် ဒို့ကျေးရွာဂျာနယ်ပါ ဆောင်ပါးရှင် ရွှေရောင်ဝင်းဝါ ၏ ပညာကိုမြတ်နိုးတတ်သော ဆောင်းပါးဖြင့် စာဖတ် ဝိုင်းကို ယနေ့ နေ့လယ်(၁၁)နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။


 အဆိုပါ  စာဖတ်ဝိုင်းကို  လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိ တ္တများ ဘက်စုံဖွံ့ ဖြိုးတိုးတက်စေရန်နှင့်​ဟော​ပြောပွဲဆွေးနွေးပွဲများ၌ ဝင်ရောက်ဆွေးနွေးတတ်သည့် အလေ့အထ​ေကာင်းများဖြစ်​ပေါ်လာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ကြောင်းမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီး ဌာနမှ ဦးစီးအရာရှိ  ဦးစန်းဝင်းက  စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းများ ကျင်းပပေးခြင်းနှင့်ပတ်သက် ၍ပြောကြားကာ ဒို့ကျေးရွာဂျာနယ် အ တွဲ(၂၀)အမှတ် (၅)ပါဆောင်းပါးရှင် ရွှေရောင်ဝင်းဝါ ၏ ပညာကိုမြတ်နိုးတတ်သော  ဆောင်းပါးအားအလှည့်ကျဖတ်ရှုစေပြီး၎င်းဆောင်း ပါးပါအကြောင်းအရာများမှ စာရိတ္တနှင့်ကိုယ်ကျင့်တရားအကြောင်းအရာများ ပညာဟူသည် အကျိုးအကြောင်း၊အကောင်းအဆိုး၊အ ကျိုးအပြစ်၊တရားခြင်း၊မတရားခြင်း၊မှန်ခြင်းမှားခြင်း၊အကျိုးရှိခြင်း၊အကျိုးမဲ့ခြင်းစသည်တို့ကိုခွဲခြားနိုင်စွမ်းရှိခြင်းစသောအကြောင်းအရာများအားတစ်ဦးချင်းစီ၏အမြင်များဖြင့်ဆွေးနွေးခဲ့ကြပြီး  မြို့နယ်ဦးစီးမှူးက ဆောင်းပါးပါအ​ကြောင်းအရာများအားခြုံငုံသုံးသတ်ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)