MNP ၊ မတ် ၁၀
ရခိုင်ပြည်နယ် အမ်းမြို့နယ်ပြန်ကြား ရေး နှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးTalk Show ကိုယနေ့ နေ့လယ်ပိုင်းကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြား ရေးနှင်ပြည်သူ့ဆက် ဆံရေးဉီးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက အသိပညာပေး Talk Show ပြု လုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်း လင်း ပြောကြားပြီး လူကုန်ကူးမှု၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ လူကုန်ကူးခြင်းကိုဆောင်ရွက်သည့်လုပ်ရပ်နှင့်ခေါင်းပုံ ဖြတ်သည့်အခြေအနေများ၊လူစုဆောင်းသည့်နည်းလမ်းများ၊သတိပြုရန်အချက်များနှင့်လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေများအားဆွေးနွေးပြောကြားခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဉီးစီးဌာန၊ အမ်းမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသည့် We Love ANN Facebook Page တွင် လူငယ်အသိ ပညာပေးအစီအစဥ်များအားကျယ်ကျယ်ပြန့်ပြန့် လေ့ လာကြည့်ရှုနိုင်စေရန်ရည်ရွယ်၍ လွှင့် တင် ပေးမည်ဖြစ်ပြီး မည်သူမဆို ဝင်ရောက်လေ့လာကြည့်ရှုနိုင်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment