MNP ၊ မတ် ၃၁
သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယမန်နေ့ မွန်းလွဲ ၃ နာရီက မိုဘိုင်းဖုန်း၏ကောင်းကျိုး၊ ဆိုးကျိုး အသိပညာပေး Talk Show ကိုဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေး Talk Show တွင် မိုဘိုင်းဖုန်း၏ကောင်းကျိုး၊ ဆိုးကျိုးဆိုင်ရာများ၊ မိုဘိုင်းဖုန်းရှိခြင်း၏ အားနည်းချက် အားသာချက်များ၊မိုဘိုင်းဖုန်းအသုံးပြုခြင်း၏ အားနည်းချက်အားသာချက် ၊ မိုဘိုင်းဖုန်းကိုအချိန်ကြာမြင့်စွာအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့်ကျန်းမာရေးပြဿနာများ၊ Electromagnetic တွေရဲ့သက်ရောက်မှုနှင့် ယာဉ်အန္တရာယ် ၊လမ်းအန္တရာယ်ဆိုင်ရာများ ၊ မိုဘိုင်းဖုန်းသုံးစွဲခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် လူမှုအန္တရာယ်ဆိုင်ရာများနှင့်ကြိုတင်သတိထား ဆောင်ရွက်ရမည့်နည်းလမ်းဆိုင်ရာများကို သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးသန့်ဇင်(ဓာတ်ပုံကျွမ်းကျင်-၂)နှင့် ဦးနေမျိုးအောင်(ဓာတ်ပုံကျွမ်ကျင်-၂-အင်အားပြ)တို့က ကျောင်းသား၊ ကျောင်းသူများ ပြည်သူများ သိရှိနားလည်ပြီး ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေး ဆွေးနွေးပြောကြား ခဲ့သည်။
ထို့အပြင် ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ၊သံတွဲခရိုင်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ Talk Show များ၊အသိပညာပေး ဟောပြောပွဲများနှင့် ဆွေးနွေးပွဲ ၊ လူငယ်စကားဝိုင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက် ရှိပါသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment