MNP ၊ မတ် ၂၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၉နာရီအချိနိက "စာကြည့်တိုက် လုပ်ငန်းစီမံ ခန့်ခွဲရေး လက်စွဲစာစောင်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်ရွှေ က "စာကြည့်တိုက် လုပ်ငန်းစီမံ ခန့်ခွဲရေး လက်စွဲစာစောင်" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်း နှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်ခိုင်စန္ဒာထွန်း နှင့် ဝန်ထမ်းများက "စာကြည့်တိုက် လုပ်ငန်းစီမံ ခန့်ခွဲရေး လက်စွဲစာစောင်" စာအုပ်ပါ ရည်ရွယ်ချက်ဖြစ်သော လူထုလူတန်းစားအသီးသီးအား အသိပညာ၊ စာပေဗဟုသုတဖြန့်ဖြူးပေးနိုင်ရန် ၊ စာကြည့်တိုက်လုပ်ငန်းဖြင့် ပြည်သူ့ဆက်ဆံရေး ကဏ္ဍတိုးချဲ့တည်ဆောက်နိုင်ရန်၊ စာဖတ်ပရိသတ်ဖြင့် ထိတွေ့ဆက်ဆံရာမှ ပြည်သူလူထု၏ သဘောထား ၊ ပြန်ကြားရေးလုပ်ငန်းကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန်၊ ကျေးရွာစာ ကြည့် တိုက်များ ရေရှည်တည်တံ့ခိုင်မြဲရေး လုပ်ငန်းတွင် အထောက်အကူပြုနိုင်စေရန် အကြောင်း အရာ များ၊ စာကြည့်တိုက် အဓိပ္ပါယ်၊ စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး၊ စာစုလုပ်ငန်း, စာရေးသူ ကတ်ပြားများ၊ စာငှားစနစ်၊ စသည့်ခေါင်းစဉ်များတွင် ပါဝင်သောအချက်များ အား တစ်ဦးချင်းအ လိုက် ဖတ်ကြားခဲ့ပြီး သိရှိလိုသည့်အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ ကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost


No comments:
Post a Comment