မောက်မယ်မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ (Grade-5) နှင့် (Grade-9) အတန်းများ နောက်ဆုံးစာမေးပွဲဖြေဆိုပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ်မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ (Grade-5) နှင့် (Grade-9) အတန်းများ နောက်ဆုံးစာမေးပွဲဖြေဆိုပြီးစီး



MNP  -   မတ် ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ မူလတန်းဆင့်တွင် (Grade-5) နှင့် အလယ်တန်းဆင့်တွင် (Grade-9) အတန်းများ ၂၀၂၂−၂၀၂၃ ပညာသင် နှစ်နောက်ဆုံးစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ ဖေဖော်ဝါရီလ၂၂ ရက်နေ့က စတင်ဖြေဆိုရာမှ ယနေ့ နေ့လယ် ၁၁ နာရီက အေးချမ်းစွာဖြေဆိုပြီးစီးကြောင်း သိရသည်။


(Grade-9)စာမေးပွဲသည် ပြည်နယ်စစ်ဖြစ်ပြီး (Grade-5) သည် ခရိုင်စစ်စာမေးပွဲဖြစ်ကာ ယမန်နေ့ တွင် (Grade-5) အတန်းဖြေဆိုပြီးကြောင်း မောက်မယ်မြို့နယ်တွင်အခြေခံပညာအထက်တန်းကျောင်း(၂) ကျောင်း၊ အလယ်တန်းကျောင်း(၁)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၄)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၁) ကျောင်းနှင့် မူလတန်းကျောင်း(၄၁)ကျောင်း စုစုပေါင်း အခြေခံပညာပညာကျောင်းများ (၅၉)ကျောင်း မှ(Grade-5) တွင် (၄၉၀) ဦးနှင့် (Grade−9) တွင်(၁၂၃)ဦး ကျောင်းသား၊ ကျောင်းသူများက ၂၀၂၂−၂၀၂၃ ပညာ သင်နှစ် နောက်ဆုံး စာမေးပွဲကိုအေးချမ်းစွာဖြေဆိုပြီးစီးကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


စိုင်းမျိုးသန့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)