ပျဉ်းမနားမြို့၊ လောကရန်နှိမ်စေတီတော်၌ (စတုတ္ထအကြိမ်) မြို့နယ်လုံးဆိုင်ရာအသံမစဲ မဟာ ပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပျဉ်းမနားမြို့၊ လောကရန်နှိမ်စေတီတော်၌ (စတုတ္ထအကြိမ်) မြို့နယ်လုံးဆိုင်ရာအသံမစဲ မဟာ ပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကျင်းပ






MNP -  မတ် ၁

ပြည်ထောင်စုနယ်နယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၂)ရပ်ကွက်၊ လောကရန်နှိမ် စေတီတော်တွင်(ကမ္ဘာသူ/ကမ္ဘာသားအပေါင်းတို့ ကပ်ကြီးသုံးပါးဘေးမှ ကင်းဝေး၍ ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာအဖြာဖြာတို့နှင့် ပြည့်စုံပါစေခြင်းအကျိုးငှာ) နေပြည် တော်ကောင်စီမှကြီးမှူး၍ ကျင်းပပူဇော်သော ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ စတုတ္ထအကြိမ်၊ အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးမြင့်စိုး၊ ဦးဇေယျာလင်းနှင့် ဧည့်ပရိသတ်များက ပျဉ်းမနားမြို့နယ် သံဃာ့နာယက အဖွဲ့ဥက္ကဋ္ဌ မာရ်အောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇာဂရ မထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ဆရာတော်သံဃာတော်များထံ  သာသနာ ရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားခဲ့သည်။


ဆက်လက်၍ မာရ်အောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇာဂရမထေရ်မြတ်ထံ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ပဋ္ဌာန်းကျမ်းစာအုပ်များ၊ ပဋ္ဌာန်းပရိတ်ပန်းနှင့် ပရိတ်ရေများအား ဆက်ကပ်ခဲ့သည်။


ယင်းနောက် ဆရာတော်သံဃာတော်များဦးဆောင်၍ တက်ရောက်လာကြသည့် ဧည့်ပရိသတ် များက ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကို သုံးကြိမ်ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး အလှည့်ကျပဋ္ဌာနဘာဏက သံဃာတော်မှစ၍ မဟာသမယသုတ်နှင့် ပဋ္ဌာန်းဒေသနာတော်ကို စတင်ရွတ်ဖတ်ပူဇော် ခဲ့ကြကြောင်း သိရသည်။


ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ စတုတ္ထအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို မတ်လ (၁)ရက် နေ့မှ(၅)ရက်နေ့အထိ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။


မျိုးသီဟ

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)