မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် အခြေခံပညာကျောင်း၊ ပုဂ္ဂလိကကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ(စာစစ်ဌာန)၌ Grade (9)နှင့် Grade (5) အစိုးရစစ်စာမေးပွဲများ ဖြေဆိုပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် အခြေခံပညာကျောင်း၊ ပုဂ္ဂလိကကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ(စာစစ်ဌာန)၌ Grade (9)နှင့် Grade (5) အစိုးရစစ်စာမေးပွဲများ ဖြေဆိုပြီးဖြစ်



MNP   -    မတ် ၁

မန္တေလးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade (9) နှင့် Grade (5) နှစ်ဆုံးစာမေးပွဲဖြေဆိုခြင်းကို ဖေဖော်ဝါရီလ(၂၂)ရက်နေ့မှစ၍ မြန်မာစာဘာသာရပ် စတင်ဖြေဆိုခဲ့ရာ ယနေ့နံနက် ၉:၀၀နာရီက အခြေခံပညာကျောင်း၊ ပုဂ္ဂလိကကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(စာစစ်ဌာန)များ၌ နောက်ဆုံးဘာသာရပ်ဖြစ်သည့် သိပ္ပံဘာသာရပ်ကို  ကျောင်းသား/သူများ ဖြေဆိုပြီးဖြစ်ကြောင်း သိရသည်။


ထိုသို့ဖြေဆိုရာတွင် အခြေခံပညာအလယ်တန်းအဆင့် Grade(9) သင်ရိုးဟောင်းစာမေးပွဲကို မြို့နယ်အတွင်း စာစစ်ဌာန(၂၃)ခုတို့တွင် ကျင်းပဖြေဆိုလျက်ရှိပြီး စာရင်းရှိကျောင်းသား/သူ စုစုပေါင်း (၃၅၇)ဦး၊ ဖြေဆိုသူကျောင်းသား/သူ စုစုပေါင်း(၃၁၄)ဦး၊ ပျက်ကွက်ကျောင်းသား/သူ စုစုပေါင်း (၄၃)ဦးရှိပြီးဖြေဆိုသည့်ရာခိုင်နှုန်း ၈၇.၉၆%နှင့် ပျက်ကွက်သည့် ရာခိုင်နှုန်း၁၂%ရှိကြောင်း သိရသည်။


ထို့အတူ အခြေခံပညာမူလတန်းအဆင့် Grade(5) ဖြေဆိုခြင်းကို မြို့နယ်အတွင်း စာစစ်ဌာန(၄၁)ခုတို့၌ စာရင်းရှိကျောင်းသား/သူ စုစုပေါင်း(၂၀၇)ဦး၊ ဖြေဆိုသူကျောင်းသား/သူ စုစုပေါင်း(၁၇၇)ဦး၊ ပျက်ကွက် ကျောင်းသား/သူ စုစုပေါင်း(၃၀)ဦးရှိပြီး ဖြေဆိုရာခိုင်နှုန်း ၈၅.၅%၊ ပျက်ကွက်ရာခိုင်နှုန်း ၁၄.၅%ရှိပါကြောင်းနှင့် Grade(5)စာမေးပွဲဖြေဆိုခြင်းကို ယမန်နေ့က ဘာသာရပ်(၅)ခုအား ဖြေဆိုပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


အဆိုပါ နှစ်ဆုံးစာမေးပွဲဖြေဆိုခြင်းကို ဖေဖော်ဝါရီလ (၂၂)ရက်နေ့မှ မတ်လ (၃) ရက်နေ့အထိ နေ့စဉ် နံနက် ၉:၀၀ နာရီမှ ၁၁:၀၀ နာရီအထိ (၆)ရက်ကြာ ဖြေဆိုလျက်ရှိရာ ယနေ့မှာတော့ Grade(9) အစိုးရစစ်စာမေးပွဲ ဘာသာရပ်(၆)ခုကို ဖြေဆိုပြီးဖြစ်ကြောင်း သိရသည်။


ကြည်ကြည်နွဲ့

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)