နောင်ချိုမြို့နယ် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် Grade (9) နှစ်ဆုံးစာမေးပွဲနောက်ဆုံးနေ့ ဖြေဆိုပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

နောင်ချိုမြို့နယ် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် Grade (9) နှစ်ဆုံးစာမေးပွဲနောက်ဆုံးနေ့ ဖြေဆိုပြီးစီး




MNP  -  မတ် ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ် Grade(5) နှင့် Grade(9) နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီလ ၂၂ရက်နေ့မှ စတင်၍  သက်ဆိုင်ရာ စာစစ်ဌာနများအလိုက် ဖြေဆိုလျက်ရှိရာ ယနေ့တွင်  Grade(9) အတန်း၏ နောက်ဆုံးနေ့အဖြစ် အခြေခံသိပ္ပံ ဘာသာရပ်ကို  ဖြေဆိုခဲ့ကြကြောင်း သိရသည်။


နောင်ချိုမြို့နယ်တွင် Grade(9) နှစ်ဆုံးစာမေးပွဲအား နောင်ချိုမြို့နယ်ရှိ စာစစ်ဌာန(၂၈)ခု ၌ အခြေခံ ပညာကျောင်းများမှ အလယ်တန်းအဆင့် Grade(9) နှစ်ဆုံးစာမေးပွဲ ဖြေဆိုသည့် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ(၁၁၆၇)ဦး၊ ဖြေဆိုသူ(၁၁၅၅)ဦးရှိပြီး ပျက်ကွက်သူ(၁၂)ဦးရှိကြောင်းနှင့် နောက်ဆုံး ဘာသာရပ်ဖြစ်သော အခြေခံသိပ္ပံဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုပြီးမြောက်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။


ထွေးငယ် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)