MNP ၊ မတ် ၁၇
ပင်လောင်းမြို့နယ်၊ နန့်နိမ့်ကျေးရွာအနီးတွင် မတ်လ ၁၅ ရက်နေ့တွင် ပအို့ဝ်နယ်မြေအတွင်းသို့ ကယားလက်နက်ကိုင် သောင်းကျန်းသူများ ခိုအောင်းမှုမရှိစေရေး တပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် မတ်လ ၁၅ ရက်နေ့ နံနက် ၁၀ ၀၀ နာရီတွင် ပင်လောင်းမြို့နယ် နန့်နိမ့်ကျေးရွာအနီး၌ KNDF/PDF အကြမ်းဖက် သောင်းကျန်းသူများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါထိတွေ့မှုဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် KNDF ဘက်တံဆိပ်ပါ အကြမ်းဖက်သမား အလောင်း (၂)လောင်း ရရှိခဲ့ပြီး လက်နက် (၂) လက်၊ ကျည်အိမ် (၈)ခု၊ ကျည်မျိုးစုံ (၁၈၆)တောင့်၊ ဗုံးသီး (၂) လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
KNDF/PDF အကြမ်းဖက်သမားများသည် ၁၁-၃-၂၀၂၃ ရက်နေ့က ပင်လောင်းမြို့နယ်၊ နန့်နိမ့်ကျေးရွာမှ ကျောင်းထိုင်ဆရာတော်ပါ သံဃာ(၃)ပါးနှင့် ပအိုဝ်းဒေသခံ (၂၀)ကျော် ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ကြသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment