MNP ၊ မတ် ၁၇
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊မီးသတ်ဦးစီးဌာနမှ ကျိုက်ထီးရိုးဒေသမီးဘေး လုံခြုံရေး(Table Top Exercise) ဆွေးနွေးပွဲကိုမတ်လ ၁၇ ရက် နံနက် ၉ နာရီခွဲ တွင်မြို့နယ်မီးသတ် ဦးစီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ (အဖွဲ့ဝင်)ဦးရဲနိုင်အောင် ကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဝေယံအောင်က (Table Top Exercise)ဆွေးနွေး ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်ကိုရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက်တက်ရောက်လာသူများက ကျိုက်ထီးရိုး ဒေသ မီးဘေးလုံခြုံရေးနှင့်ပတ်သက်၍ကြိုတင်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များကိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment