ထိုင်းနိုင်ငံမှ မူးယစ်အမှုဖြင့်အလိုရှိတရားခံပြေး Mr.JetsadaYaping(ခ) Mr.ကျေ့စဒါးရာပိယမ့်(ခ) ကျေး(ခ)လီဖာ အား ပြန်လည်လွှဲပြောင်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိုင်းနိုင်ငံမှ မူးယစ်အမှုဖြင့်အလိုရှိတရားခံပြေး Mr.JetsadaYaping(ခ) Mr.ကျေ့စဒါးရာပိယမ့်(ခ) ကျေး(ခ)လီဖာ အား ပြန်လည်လွှဲပြောင်းပေးအပ်







MNP ၊ မတ် ၁၀ 

မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဗဟိုအဖွဲ့(CCDAC)နှင့် ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB)တို့ နှစ်နိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများအား ပိုမိုနီးကပ်စွာ သတင်းဖလှယ်ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ် ခဲ့သည့် ၂၄ ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးတွင် မူးယစ်ဆေးဝါး တရားခံပြေးများ ဖော်ထုတ်ဖမ်းဆီးရေးနှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ကြပြီး ထိုင်းနိုင်ငံမှ မူးယစ်အမှုဖြင့်အလိုရှိ တရားခံပြေး Mr.JetsadaYaping(ခ)Mr. ကျေ့စဒါးရာပိယမ့်(ခ)ကျေး(ခ)လီဖာ အား ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB)သို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှ ၁.၁၁.၂၀၂၂ ရက်နေ့တွင် တာချီလိတ်မြို့၌ ဖမ်းဆီးရမိခဲ့ပြီး တာချီလိတ်မြို့မရဲစခန်းမှ  ရှမ်းပြည်နယ်ယစ်မျိုးအမိန့် အပိုဒ်- ၃ အရ ထောင်ဒဏ် ၂ လ နှင့် မြန်မာနိုင်ငံလူဝင်မှု ကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၁၃(၁)အရ ထောင်ဒဏ် ၆ လ အမိန့်ချမှတ်ခံခဲ့ပြီး ကျိုင်းတုံအကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိရာမှ ပြစ်ဒဏ်မှလွတ်မြောက်ခဲ့သဖြင့် အဆိုပါထိုင်းနိုင်ငံသား Mr.JetsadaYaping(ခ)Mr.ကျေ့စဒါးရာပိယမ့်(ခ)ကျေး(ခ)လီဖာအား ၉.၃.၂၀၂၃ ရက်နေ့ ၁၂ ၃၀ အချိန်၌ တာချီလိတ်မြို့၊ မြန်မာ-ထိုင်းနယ်စပ်အမှတ်(၂)ချစ်ကြည်ရေးတံတားတွင် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်လင်းအောင် ဦးဆောင်၍ အမှတ်(၃၀)မူးယစ်တပ်ဖွဲ့စု၊ တာချီလိတ်မှ တပ်ဖွဲ့စုမှူး ရဲမှူးသန်းစိုး နှင့် လူဝင်မှု ကြီးကြပ်ရေးမှူး ဦးဇေလင်းထွန်း တို့မှ ထိုင်းနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB) MR. THANWA PHUDPHONG, Expert Level, Narcotics Control Office Region 5 ၊ Mr. ChotipunJullapech, Director of Safe Mekong Coordination Center Office of the Narcotics Control Board နှင့် Pol. Lt. Col. MontriInpreaw, Deputy Superintendent (ဒုခရိုင်လဝကမှူး၊ ကျင်းရိုင်ခရိုင်)နှင့်အဖွဲ့ထံသို့ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)