တရားမဝင် Online လောင်းကစားခြင်း၊ ကံစမ်းမဲဖောက်ခြင်း၊ ချေးငွေလုပ်ငန်း လုပ်ကိုင်ခြင်းများတွင် ပါဝင်လုပ်ကိုင်ပါက တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှု ကျူးလွန်ရာမှ ရရှိသော ငွေကြေးနှင့် အကျိုးအမြတ်များကိုလည်း ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ အရ အရေးယူခံရမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရားမဝင် Online လောင်းကစားခြင်း၊ ကံစမ်းမဲဖောက်ခြင်း၊ ချေးငွေလုပ်ငန်း လုပ်ကိုင်ခြင်းများတွင် ပါဝင်လုပ်ကိုင်ပါက တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှု ကျူးလွန်ရာမှ ရရှိသော ငွေကြေးနှင့် အကျိုးအမြတ်များကိုလည်း ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ အရ အရေးယူခံရမည်




MNP ၊ မတ်လ ၁

Online   မှ လောင်းကစားခြင်း၊ ကံစမ်းမဲဖောက်ခြင်း၊ ငွေချေးခြင်း ပြုလုပ်၍ ငွေကြေးလိမ်လည်ခံရမှု မဖြစ်စေရေး ပြည်သူသို့ အသိပေးထုတ်ပြန်ချက် ထုတ်ပြန်ထားရာ တရားမဝင် Online လောင်းကစားခြင်း၊ ကံစမ်းမဲဖောက်ခြင်း၊ ချေးငွေလုပ်ငန်း လုပ်ကိုင်ခြင်းများတွင် ပါဝင်လုပ်ကိုင်ပါက တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှု ကျူးလွန်ရာမှ ရရှိသော ငွေကြေးနှင့် အကျိုးအမြတ်များကိုလည်း ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ အရ အရေးယူခံရမည် ဖြစ်ကြောင်း သိရသည်။

အသိပေးထုတ်ပြန်ချက်တွင် -

နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ Online မှတစ်ဆင့် လိမ်လည်မှုကျူးလွန်ခြင်း၊ လောင်းကစားခြင်းကို ဗန်းပြ၍ ငွေကြေးလိမ်လည်မှု ကျူးလွန်ခြင်းများကြောင့် ပြည်သူများအနေဖြင့် ငွေကြေးနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထိုသို့ Online အသုံးပြု၍ လောင်းကစားလုပ်ငန်း၊ ကံစမ်းမဲဖောက်လုပ်ငန်း၊ တရားမဝင်ချေးငွေ လုပ်ငန်း လုပ်ကိုင်သူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ် ဆောင်ရွက်ခဲ့ရာ TTbet Online Game လုပ်ငန်း၊ Golden Gift Online ကံစမ်းမဲဖောက်လုပ်ငန်း၊ Money Bag Application ၊ Cash Now Application ၊ Cola Kyat Application နှင့် U Loan Application တို့အား အသုံးပြုပြီး တရားမဝင် ချေးငွေလုပ်ငန်း လုပ်ကိုင်နေကြသည့် ပြစ်မှုကျူးလွန်သူ ၇၁ ဦးအား ဖော်ထုတ်ဖမ်းဆီး အရေးယူခဲ့ကြောင်း သိရသည်။


ပြစ်မှုကျူးလွန်သူများသည် နိုင်ငံသားစိစစ်ရေးကတ်များကို တစ်ကတ်လျှင် တစ်သောင်းကျပ်ဖြင့် ငှားရမ်းပြီး Online လောင်းကစား လုပ်ငန်းများ၊ Online လိမ်လည်မှုများ၊ တရားမဝင် ချေးငွေလုပ်ငန်း များတွင် အသုံးပြုရန် Bank Account များဖွင့်လှစ်၍ လုပ်ကိုင်ကြောင်း တွေ့ရှိရသဖြင့် နိုင်ငံသားစိစစ် ရေးကတ်ငှားရမ်းသူများ အနေဖြင့်လည်း ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပေးကြေညာချက်ထားသည်။


Online အသုံးပြုပြီး လောင်းကစားခြင်း၊ ကံစမ်းမဲဖောက်ခြင်း၊ ချေးငွေလုပ်ငန်း လုပ်ကိုင်ခြင်းများတွင် ပါဝင်လုပ်ကိုင်ပါက တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှု ကျူးလွန်ရာမှ ရရှိသော ငွေကြေးနှင့် အကျိုးအမြတ်များကိုလည်း ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ အရ စိစစ်ပြီး အရေးယူခံရမည်ဖြစ်သဖြင့် ယင်းလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ခြင်း မပြုလုပ်ကြရန် အသိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)