တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာ စာသင်ကျောင်းသို့ PDF အမည်ခံအကြမ်းဖက် သမားများက Drop Bomb များဖြင့် ပစ်ချတိုက်ခိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာ စာသင်ကျောင်းသို့ PDF အမည်ခံအကြမ်းဖက် သမားများက Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်


MNP ၊ မတ် ၈

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းအား ယနေ့နံနက် ၁၁ နာရီခန့်တွင် PDF အမည်ခံ အကြမ်းဖက် သမားများက အဆိုပါကျေးရွာ၏ တောင်ဘက်မှ Drone ယာဉ် ၁ စင်းဖြင့် Drop Bomb ၂ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ကျောင်းအုပ်ကြီးရုံးခန်းရှေ့ရှိ မြေကွက်လပ်နှင့် ကျောင်းအုတ် တံတိုင်းရှေ့၌ ကျရောက်ပေါက်ကွဲခဲ့ပြီး လူ၊ အဆောက်အဦ ထိခိုက်ပျက်ဆီးမှုမရှိကြောင်း သိရှိရသည်။

ထိုသို့ဆင်ခြင်တုံတရားမဲ့စွာ အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်နေသော PDF အမည်ခံအကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့ညမပြတ်လုံခြုံရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)