PDF အချင်းချင်း ရက်စက်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပေါ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အချင်းချင်း ရက်စက်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပေါ်


MNP ၊ မတ် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာတွင် NUG အကြမ်းဖက်အဖွဲ့၏ လက်အောက်ခံ ပကဖ အဖွဲ့မှ Local PDF များ အစည်းအဝေးခေါ်ပြီး ၁၅ဦးထက်မနည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

NUG အကြမ်းဖက်အဖွဲ့လက်အောက်ခံ အကြမ်းဖက်အဖွဲ့အစည်းများအချင်းချင်း ငွေကြေးကိစ္စ အဝေမတည့်မှုများ ဖြစ်ပေါ်ခဲ့ပြီး အချင်းချင်း သတ်ဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း ထွက်ပေါ်လာသည့်သတင်းများအရ သိရသည်။

အလားတူ ပြီးခဲ့သည့် ၂၈-၂-၂၀၂၃ ရက်နေ့ က မြောင်မြို့နယ် မရိုးကုန်းရွာက ပကဖ ခေါင်းဆောင် ဖိုးထောင်ကို  တစ်ရွာတည်းနေ Local PDF အကြမ်းဖက်အဖွဲ့မှ ဇော်မိုးက သတ်ဖြတ်ပြီး အလောင်းကို ဧဝတီမြစ်ထဲ မျှောတဲ့ ဖြစ်စဉ် ဖြစ်ပေါ်ခဲ့သည်။

စစ်ကိုင်းမြို့နယ်၊ တာတိုင်းကျေးရွာသည် NUG လက်အောက်ခံ အကြမ်းဖက်သမားများ သောင်းကျန်းနေသည့် ကျေးရွာဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)