ထန်းတပင်မြို့နယ်၌ စက်မှုလယ်ယာစနစ်ကျလယ်ယာမြေ (၅၃၁)ဧကကိုအကောင် အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ဧက(၂၀၀)ထပ်မံ၍ အကောင်အထည်ဖော် ဆောင်ရွက်ရန်စီစဉ် ဆောင်ရွက်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထန်းတပင်မြို့နယ်၌ စက်မှုလယ်ယာစနစ်ကျလယ်ယာမြေ (၅၃၁)ဧကကိုအကောင် အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ဧက(၂၀၀)ထပ်မံ၍ အကောင်အထည်ဖော် ဆောင်ရွက်ရန်စီစဉ် ဆောင်ရွက်နေ



MNP   -   မတ်   ၂

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း အရည်အသွေး ကောင်းမွန်သော စံပြကွက်များ ဖြစ်စေရေးအတွက် စက်မှုလယ်ယာ စနစ်ကျ လယ်ယာမြေဧကများအဖြစ် ပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ယနေ့အထိ မြို့နယ်အတွင်း စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေဧက (၅၃၁)ဧကအထိ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး လယ်ယာမြေ ဧက(၂၀၀)ကို ထပ်မံ၍ စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေများအဖြစ် ပြောင်းလဲအကောင်အထည်ဖော် ဆောင်ရွက်ရန်စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထန်းတပင်မြို့နယ်မှာ စနစ်ကျလယ်ယာမြေအဖြစ် ရေပေါ်သောင်ကျေးရွာမှာ (၃၈၁)ဧကကို အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပြီး လက်ရှိနွေစပါးစိုက်ဧက (၃၅၆)ဧကနဲ့ ရေဖြူ ကျေးရွာမှာ ဧက(၁၅၀)ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးတော့ လက်ရှိနွေစပါး စိုက်ဧက(၁၅၀)ဧကကို စိုက်ပျိုးထားရှိပါတယ်။ နောက်ထပ် လည်းရေတွင်းကုန်းကျေးရွာမှာ စက်မှုလယ်ယာစနစ်ကျလယ်ယာမြေဧက (၂၀၀)ကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ဖို့အတွက်ကိုလည်း (၂၀၂၂-၂၀၂၃) ခုနှစ်မှာ ဆောင်ရွက်ခွင့်ရရှိရန်အတွက် တင်ပြထားရှိပါ တယ် မြို့နယ်အတွင်းမှာ ရှိတဲ့ တောင်သူတွေစပါးစိုက်ပျိုးချိန်ကာလမှာ အဆင်ပြေစေဖို့ အတွက်ကိုလည်း ဌာနအနေနဲ့ စပါးရိတ်သိမ်းချွေလှေ့စက် က(၃)စီး၊ ကောက်စိုက်စက်က (၂)စီး၊ လယ်ထွန်စက်ကြီးက (၇) စီးနဲ့ လယ်ယာဝန်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်ပေး လျက်ရှိပါတယ်၊ ဒါအပြင်ကို (၂၀၂၂-၂၀၂၃)ခု၊ ဘဏ္ဍာရေးနှစ်မှာ တောင်သူတွေကို လက်ကိုင် ရှည် လက်တွန်းထွန်စက်အစီး(၂၀)ကို (၃)နှစ်ကို လေးရစ်ဆပ်စနစ်နဲ့ ရောင်းချပေးနိုင်ခဲ့ ပါတယ်ဟု မြို့နယ်စက်မှု လယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်က ရှင်းပြသည်။


ထန်းတပင်မြို့နယ်အတွင်း စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဧက ဖော်ထုတ်ခြင်း လုပ်ငန်းကို (၂၀၁၆) ခုနှစ်တွင် ပထမအကြိမ်အဖြစ် ရေပေါ်သောင်ကျေးရွာတွင် ဧကပေါင်း (၃၈၁)ဧကကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ဖြစ်သလို  (၂၀၂၁)ခုနှစ်တွင် ဒုတိယမြောက်အဖြစ် ရေဖြူကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာတွင် စနစ်ကျလယ်ယာမြေ ဖော်ထုတ်ခြင်း လုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး စက်မှုလယ်ယာ စနစ်ကျ လယ်ယာမြေဧကများ ဖော်ထုတ်ခြင်းကြောင့် ဒေသခံတောင်သူများ လက်မှုလယ်ယာမှ စက်မှု လယ်ယာသို ့ကူးပြောင်းရောက်ရှိခြင်း တောင်သူများအကျိုးရှိ ဝင်ငွေ တိုးပွားစေခြင်း၊ ရေသွင်းရေထုတ်မြောင်းများ ကောင်းမွန်စေခြင်း၊ လယ်ယာကုန်ထုတ်လမ်း များကြောင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်း၊ သီးနှံများ အထွက်တိုးပွားလာခြင်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း အထောက်အကူပြုသည့် အကျိုးကျေးဇူးများကိုပါ ရရှိကြောင်း လည်း သိရသည်။


ဇင်မင်းထိုက်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)