မြောက်ဥက္ကလာပမြို့နယ်တွင် သက်လုံနွေရာသီ အခြေခံဘောလုံးသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်တွင် သက်လုံနွေရာသီ အခြေခံဘောလုံးသင်တန်းဖွင့်လှစ်



MNP   -   မတ်   ၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ နွေရာသီကျာင်းပိတ်ရက်အတွင်း လူငယ်/လူရွယ်များ ကျန်းမာကြံ့ခိုင်ပြီး အားကစား ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသင်း အဖွဲ့ စိတ်ဓာတ်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ မတ်လ ၁ ရက်နေ့မှစ၍ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ သက်လုံနွေရာသီအခြေခံ ဘောလုံးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန့်နေ့ ၁ ရက်နေ့မှ စတင်၍ (ည)ရပ်ကွက်၊ သက်လုံဘောလုံးကွင်းတွင် ကျင်ပခဲ့သည်။


အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွဋ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ က ဘောလုံးများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


မြောက်ဥက္ကလာပမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မြန်မာ့ရိုးရာလက်ဝှေ့သင်တန်းကို (ဌ)ရပ်ကွက်ရှိ ဥတ္တရကြယ်ကလပ်တွင်လည်းကောင်း၊ တိုက်ကွမ်ဒိုသင်တန်းကို ဝေဘာဂီ(၃)ရပ်ကွက်ရှိ ဘောလုံးကွင်းတွင် လည်းကောင်း၊ ရိုးရာခြင်းလုံး သင်တန်းကို (ဌ)ရပ်ကွက်ရှိ ဒို့မြန်မာခြင်းလုံးရုံတွင်လည်းကောင်း မတ်လ တတိယပတ်မှစ၍ သင်တန်းနည်းပြများဖြင့် တစ်လတာဖွင့်လှစ်သွားမည်ဖြစ်၍ နွေရာသီ ကျောင်းပိတ်ရက်အားလပ်ရက်များတွင် အားကစားကိုစိတ်ပါဝင်စားကြသော ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များနှင့် အားကစားဝါသနာရှင် များ တက်ရောက်နိုင်ကြောင်း သိရသည်။


မြ​မြဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)